Chapter - 22.1

471 48 0
                                    




ဤပရောဂျက်ဆွေးနွေးပွဲသည် နှစ်ရက်ကြာမြင့်မည်ဖြစ်သည်။ ကျန်းရှန်းဟယ်သည် ပထမနေ့ နံနက်ပိုင်းတွင် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ဒုတိယနေ့ မွန်းလွဲပိုင်းတွင် လက်မှတ်ရေးထိုးပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

သူက ဒီမနက် ပွဲစီစဉ်သူရဲ့ အထူးဧည့်သည်ဖြစ်ပြီး ရှေ့ဆုံးတန်းမှာ ထိုင်နေသည်။ လော့ချီက သူ့အဖော်၏ တစ်စိတ်တစ်ပိုင်းဖြစ်၏။ ဖွင့်ပွဲအခမ်းအနားတွင် သူမ၏ထိုင်ခုံသည် ကျန်းရှန်းဟယ်နှင့် အလှမ်းဝေးသော ခန်းမ၏တစ်ဖက်တစ်ချက်တွင်ရှိပြီး လူဒါဇင်များစွာဖြင့် ခြားထားလေသည်။

ကျန်းရှန်းဟယ်က ခေါင်းလှည့်ပြီး လှည့်ကြည့်သော်လည်း သူမကို ရှာမတွေ့။ သူက သူမကို မက်ဆေ့ချ်ပို့လိုက်ပါ၏။

ကျန်းရှန်းဟယ် : [ မင်းဘယ်မှာထိုင်နေတာလဲ ကိုယ့်ဖုန်းကို မင်းနဲ့ထားခဲ့မလို့ ]

လော့ချီ မက်ဆေ့ချ်ကိုမြင်သောအခါ သူမသည် အရပ်မြင့်မြင့်နှင့် တည့်တည့်လျှောက်သွားခဲ့သည်။ သူမက သာမာန်ဝတ်စုံကို ၀တ်ထားသော်လည်း သူမဖြတ်သွားစဉ် လူများစွာ၏မျက်လုံးများက သူမကို စိုက်ကြည့်နေသည်။ အဲဒီအထဲမှာ မနာလိုစိတ်လေးဖြင့် သူမရဲ့ဝတ်စုံကို စိုက်ကြည့်နေသော အမျိုးသမီး နှစ်ယောက်တောင် ရှိနေပါသေး၏။

"ဥက္ကဌကျန်း"

လော့ချီ သူ့အနားရောက်သည့်အချိန် ခေါ်လိုက်သည်။ ကျန်းရှန်းဟယ်မှာ ထိုင်မနေဘဲ သူ့လက်ကိုင်ဖုန်းကို သူမအား ပေးသည်။ သူက မတ်တပ်ထရပ်ပြီး အစီရင်ခံစာတစ်စောင်နှင့် လက်ကိုင်ဖုန်းနှစ်လုံးကို ပေးအပ်ပြီးနောက် သူ့ဘေးတွင်ထိုင်နေသော လူနှစ်ယောက်ကို သူမနှင့် မိတ်ဆက်ပေးသည်။

တစ်ယောက်မှာ မျိုးရိုးနာမည် 'ရန်' ဖြစ်ပြီး နောက်တစ်ယောက်မှာ 'ယဲ့' ဟူ၍။ သေချာတာပေါ့ လော့ချီက သူတို့နာမည်တွေကို ဒီမတိုင်ခင်ကတည်းက သိပြီးသားပါ။

ကျန်းရှန်းဟယ်က လော့ချီကို သူတို့နှင့် မိတ်ဆက်ပေးပြီး

"ဒါက ကျွန်တော့်ရဲ့ အထူးလက်ထောက်အသစ် လော့ချီပါ သူက ကျွန်တော့်အဒေါ်ရဲ့ လက်ထောက်ဖြစ်ဖူးတယ်"

7years Secret Love ( ဘာသာပြန် )Where stories live. Discover now