Chapter-13.2

515 51 2
                                    




တကယ်တော့ လော့ယွီက ဧည့်ခန်းထဲမှာ ရှိမနေဘူး ၊ တန်ပြန်အစီအမံများကို ဆွေးနွေးရန် သူမက လော့ရှင်းကို ဒုတိယထပ်ရှိ လသာဆောင်သို့ ဆွဲခေါ်သွားခဲ့သည်။

"ငါတို့တွေ အစ်ကိုကြီးနဲ့ ဆွေးနွေးလိုက်ကြမလား"

လော့ရှင်းက အဆိုပြုသည်။

"နင် အဲဒါကို ဘယ်လိုပြောမှာလဲ"

လော့ယွီက သူ့ကို စိုက်ကြည့်နေ၏။

"ငါ့ကို ဘာလို့စိတ်ဆိုးနေတာလဲ! အစ်ကိုကြီးကိုတောင် မယုံနိုင်ဘူးလား"

"ငါတို့က သူ့ကို မယုံနိုင်တာမဟုတ်ဘူး အကြီးဆုံးဦးလေးနဲ့အဒေါ် သိသွားမှာကို ငါ စိတ်ပူနေလို့"

လော့ယွီက အသံတိုးတိုးဖြင့် ရေရွတ်လိုက်သည်။

"သူတို့မျက်လုံးထဲမှာ ပိုက်ဆံပဲရှိတယ်"

ဖေရှစ်ရှောင်းဟာ သူတို့၏ အကြီးမားဆုံးဖောက်သည်ဖြစ်သည်။ အကြီးဆုံးအဒေါ်က တခြားသူတွေက သူ့ကို နှောင့်ယှက်ဖို့ ဘယ်လိုခွင့်ပြုနိုင်မလဲ? သူမက သူတို့ကို အရေခွံနွှာလိမ့်မယ်။

"ယောက်ျားတစ်ယောက်က ဘယ်လိုလုပ်ပြီး သူ့စိတ်ကို ဒီလိုမျိုးပြောင်းလဲနိုင်ရတာလဲ? ဖေရှစ်ရှောင်းရဲ့နှလုံးသားက တကယ်ရက်စက်တယ် နှစ်အတော်ကြာအောင် အတူတူရှိလာပြီးတဲ့နောက် လက်မထပ်ခင်လေးမှာ သူက သူမကို ဖောက်ပြန်ခဲ့တယ် ငါ့အစ်မကသာ သူမနဲ့ချိန်းထားတာ ပျက်သွားတိုင်း အဲဒီမိန်းမကြောင့်ပဲဆိုတာ သိသွားခဲ့ရင် သေတဲ့အထိ စိတ်မကောင်းဖြစ်မှာမဟုတ်ဘူးလား"

လော့ရှင်းမှာ လော့ယွီကို မည်သို့တုံ့ပြန်ရမည်ကို မသိဘဲ တိတ်ဆိတ်နေခဲ့သည်။ သူ ဆေးလိပ်သောက်ချင်လို့ စီးကရက်ဘူးကို ထုတ်ယူလိုက်ချိန်မှာပဲ လော့ယွီက လုယူသွားခဲ့သည်။

"ငါက ဒီလောက်ထိဒေါသထွက်နေတာကို နင်က ငါ့ကို တစ်ပတ်ရစ် ဆေးလိပ်ငွေ့ ရှူစေချင်တုန်းပဲ"

လော့ယွီသည် လုယူလာတဲ့ စီးကရက်ကို သူမပါးစပ်ထဲကို ထည့်လိုက်ပြီး

"ငါ့ကို မီးခြစ်ပေး"

".....မင်း ဘာလုပ်နေတာလဲ"

7years Secret Love ( ဘာသာပြန် )Where stories live. Discover now