Chapter-4.1

624 63 0
                                    



ကျန်းရှန်းဟယ် လူနာဆောင်ထဲသို့ ဝင်လာပြီးကတည်းက လော့ချီက စကားသိပ်မပြောဖြစ်သည်ကို ကျန်းစစ်ရွှင်းက တွေ့ရှိခဲ့သည်။ ဟုတ်တာပေါ့ သူမက သူဌေးကြီးကျန်းရှန်းဟယ်ကို ကြောက်နေတယ်ဆိုတာ သူသိပြီးသား။

"အပြင်ထွက်ပြီး သောက်ရအောင်"

သူ ကျန်းရှန်းဟယ်ကို လက်ဟန်ခြေဟန် ပြလိုက်သည်။ ကျန်းရှန်းဟယ်က မှတ်ချက်မပေးဘဲ နောက်ထပ်ဖရဲသီးတစ်စိတ်ကို ယူစားသည်။ ကျန်းစစ်ရွှင်းက ရေဖန်ခွက်ကို ချလိုက်ပြီး

"လော့ချီ ငါ့အမေနဲ့အတူ ရှိနေပေးလို့ ကျေးဇူးတင်ပါတယ်"

လော့ချီက ပြုံးပြီး

"နောက်မှတွေ့ကြတာပေါ့ ပြဿနာလုံးဝမရှိပါဘူး"

ကျန်းရှန်းဟယ် လူနာဆောင်ထဲသို့ ပထမဆုံးဝင်ရောက်လာသောအခါတွင် သူ မြန်မြန်ထွက်သွားလိမ့်မည်ဟု သူမ မျှော်လင့်ခဲ့သည်။ သူ ဒီမှာရှိနေလို့ စိတ်မသက်မသာခံစားရတယ်။ အလုပ်ဆင်းပြီးရင် ဘယ်သူမှ သူတို့ရဲ့ဘော့စ်ကို တွေ့ချင်ကြမှာ မဟုတ်ဘူးလေ။

ခြေလှမ်းအနည်းငယ်မျှသာဝေးပြီး သူတွေးနေသည့်လူက သူမစိတ်ထဲတွင် သူ့ကို ပြောဆိုနေလိမ့်မယ်လို့ ကျန်းရှန်းဟယ် ဘယ်တော့မှ စိတ်ကူးယဉ်မိမှာမဟုတ် ၊ ဒုတိယဖရဲသီးစိတ်ကို စားပြီးနောက် သူ ကျန်းစစ်ရွှင်းနှင့်အတူ လူနာဆောင်ထဲမှ ထွက်လာခဲ့သည်။

"ငါတို့ ဘယ်သွားကြမလဲ"

ကျန်းစစ်ရွှင်းက မေးသည်။ ကျန်းရှန်းဟယ်က ဂရုမစိုက်ဘဲ

"ဘယ်နေရာပဲဖြစ်ဖြစ်"

"မင်း ဘားသွားချင်လား"

မေးပြီးနောက် ကျန်းစစ်ရွှင်း စိတ်မသက်မသာ ခံစားလိုက်ရ၏။

"ငါ့အမေက ဆေးရုံတက်နေရတုန်းဆိုတော့ ငါတို့ ဘားသွားမယ်ဆိုရင် သားသမီးဝတ္တရားမကျေပွန်ဘူးဆိုပြီး ကြိမ်းမောင်းခံရလိမ့်မယ်.. အထူးအိမ်ချက်စားသောက်ဆိုင်ကို ရှာကြည့်ရအောင်"

သူ နိုင်ငံရပ်ခြားမှာရှိစဉ်တုန်းက သူအလွမ်းဆုံးအရာဟာ သူ့မိသားစုမဟုတ်ဘဲ တရုတ်ပြည်တွင်းရှိ နေရာပေါင်းစုံက ကြော်လှော်ချက်ပြုတ်ထားတဲ့ ဟင်းတွေပါလို့ မကြာခဏဆိုသလို ပြောလေ့ရှိသည်။

7years Secret Love ( ဘာသာပြန် )Where stories live. Discover now