Chapter-15.2

563 64 2
                                    





လော့ချီ ခရီးဆောင်အိတ်ကို ဆွဲထုတ်လာခဲ့သည်။ ဟိုတယ်က အနီးနားမှာရှိပြီး ကားဖြင့် ငါးမိနစ်လောက်သာ ဝေး၏။ check in လုပ်ပြီး ရေချိုးပြီးနောက် လော့ချီ ကုတင်ပေါ်တွင် လဲလျောင်းနေပြီး ဘာမှမလုပ်ချင်ဘဲ တကိုယ်လုံး အားနည်းနေသလို ခံစားနေရသည်။

သူမက အိပ်ရာမဝင်မီတွင် အရေးကြီးသော အီးမေးလ်များ ရှိ၊မရှိ စစ်ဆေးလေ့ရှိခဲ့သော်လည်း ယနေ့ညတွင် သူမမှာ အမှန်တကယ် အားအင်မရှိတော့ပေ။

သူမကိုယ်သူမ အချိန်ခဏလောက် လွှတ်ထားလိုက်သည်။

နာရီဝက်လောက် သူမမျက်လုံးများ မှိတ်ထားပြီးနောက် ပင်ပန်းနွမ်းနယ်နေသော သူမ၏ခန္ဓာကိုယ်ကို နိုးထရန် တရွက်တိုက်ဆွဲကာ လက်တော့ပ်ကိုထုတ် အားသွင်းကြိုးကို ပလတ်ထိုးပြီး အီးမေးလ်ထဲသို့ ဝင်ရောက်ခဲ့သည်။

အခုချိန်မှာတော့ အချစ်ရေးက ပြီးဆုံးသွားပြီဖြစ်သောကြောင့် မင်္ဂလာပွဲလည်း ပျက်သွားပြီး အကြွေးတွေပဲ ကျန်ရှိပါတော့သည်။ သူမကသာ အလုပ်မလုပ်ရင် ဘယ်လိုပြန်ဆပ်ရမည်နည်း?

သူမဖုန်းစခရင်က ရံဖန်ရံခါ လင်းနေသည်။ သူမနဲ့ဖေရှစ်ရှောင်း လမ်းခွဲတဲ့အကြောင်းကို Moments မှာ ပို့စ်တင်ပြီးကတည်းက မက်ဆေ့ချ်တွေက ရပ်မသွားခဲ့ဘူး။ သူမ ဖုန်းကို silent လုပ်လိုက်ပြီး ဘယ်သူ့ကိုမှ စာမပြန်ခဲ့ပါ။

သူ ဖောက်ပြန်တဲ့အကြောင်း ပြောဆိုခြင်းမှာ အဓိပ္ပာယ်မရှိပေ။

လော့ချီသည် အီးမေးလ်အသစ်တစ်ခုရှိနေကြောင်း စနစ်က သူမအား အသိပေးသောအခါတွင် အီးမေးလ်တစ်စောင်ကို ဖတ်နေသည်။ ၎င်းကို နှိပ်လိုက်သောအခါတွင် ၎င်းသည် သူမ၏ဝမ်းကွဲအစ်ကိုကြီးထံမှ အီးမေးလ်ဖြစ်သည်။

လော့ယွီလီ : [ ငါ မင်းကို ဖုန်းနဲ့ဆက်သွယ်လို့မရဘူး ဒါကိုတွေ့ရင် ငါ့ကို ဖုန်းပြန်ခေါ်ပေးပါ ]

လော့ချီ မောက်စ်ကို လွှတ်လိုက်ပြီး အိပ်ရာပေါ်မှ ဖုန်းကို ဆွဲယူလိုက်သည်။ လွတ်သွားသော ဖုန်းခေါ်ဆိုမှု တစ်ဒါဇင်ကျော် ရှိနေခဲ့၏။

သူမ ဝမ်းကွဲအစ်ကိုကြီးနံပါတ်ကို ခေါ်ဆိုလိုက်ပြီး ကျန်တစ်ဖက်က စက္ကန့်ပိုင်းအတွင်း ပြန်ဖြေသည်။

7years Secret Love ( ဘာသာပြန် )Where stories live. Discover now