အခန်း (၆)

Start from the beginning
                                    

"နယ်လီ.. နယ်လီ ရောက်နေပြီလား.. နယ်လီ!!.."

နယ်လီနှင့် စကားပြောနေတုန်းပဲ ရှိသေးသည်။ အိမ်အတွင်းသို့ လှမ်းဝင်လာရင်း နယ်လီ၏ နာမည်ကို ခေါ်နေသော လူထွားကြီးကို လှမ်းမြင်လိုက်ရ၏။ မုတ်ဆိတ်တွေ ထူပွနေကာ လက်အတွင်းတွင် အစိမ်းရောင် လက်သန်းအစွပ်ကို စွပ်ထား၏။ ပုခုံးပေါ်တွင် ကြီးမားသော တူရွှင်းပြား တစ်ခုကို ထမ်းထားကာ.. ဆံပင်တွေကို ကျောနောက်တွင် စည်းနှောင်ထားသည်။ ကြည့်ရတာ ဒီလူက လူ့ဘီလူးကြီးနှင့် တူနေသည်။

ထိုလူကြီးကို ဒါလေး ကြောင်လျက် ကြည့်နေစဉ်မှာပဲ နယ်လီက ဒါလေး အနားမှ ထိုလူအနားသို့ ပြေးသွားကာ..

"အဖေ့.. ဒီနေ့ ပြန်လာတာ နောက်ကျလိုက်တာ.."

ထိုလူအကြီးကြီးက ပြေးလာသော နယ်လီအား ဆွေ့ခနဲ ကောက်ချီလိုက်ပြီးမှ..

"ဒီနေ့ ဘီဂတ်စ်တွေ မဝင်နိုင်အောင်.. ရေပေါ်ကျောင်းက ဒီမွန်းတွေနဲ့.. သမန်းဝံပုလွေ မျိုးနွယ်တွေ အတွက် ဘီဂတ်စ်တွေ မလာအောင် စည်းလုပ်ပေးပြီးမှ.. ပြန်လာတာ ဆိုတော့ နောက်ကျနေတာ.. အဖေ့အသည်းလေး ပြန်ရောက်နေတာကို သိပါ့ဗျာ.."

"လျှောက်ပြောနေတာ.. ဒီနေ့ နယ်လီ ပြန်ရောက်နေတာကို သိသိနဲ့ နောက်ကျမှ ပြန်လာပြီးတော့.."

"တကယ်ပြောတာပါ.. အနည်းဆုံးတော့ မင်းသူငယ်ချင်း တစ်ယောက်ယောက် မပါဘူးလား.. အဖေက ကာကွယ်ပေးခဲ့တာလေ.."

"အဖေက အကောင်းဆုံးပဲ.."

နယ်လီတို့ သားအဖ ပြောဆိုနေကြတာတွေကို မြင်နေတော့.. ဒါလေး ရုတ်တရက် ဖေဖေဇော်ဂန်အား သတိရလိုက်မိသည်။ စကားနည်းသော်လည်း ဒါလေး အတွက်ဆို အမြဲတမ်း အနားမှာ ကာကွယ်ပေးခဲ့ဖူးသော ဖေဖေဇော်ဂန်ကို သတိရမိကာ ဝမ်းနည်းသွားမိသည်။ တကယ်လို့သာ ဖေဖေဇော်ဂန် ရှိနေပါက ဒါလေး ထိုသို့ ချွဲနွဲ့တာတွေ လုပ်မိအုံးမလား မသိသော်လည်း အခုတော့ ထိုသို့ ရွေးချယ်ပိုင်ခွင့် မရှိတော့တာက.. ပိုဆိုးသေးသည်။

"ဒါလေး ဒါက ငါ့အဖေလေ.. သူက ဂရင်းဟဲလ်မှာ ဆိုရင်.. ရွာလူကြီးပြီးရင် ဒုတိယ ကောင်စီကို တာဝန်ယူထားတယ်.."

ဒါဒါလေး အပိုင်းဆက်မှော်လောကဇာတ်လမ်းWhere stories live. Discover now