“ ငါတို့လေးယောက်လည်း ဓါတ်ပုံတစ်ပုံလောက်တူတူတွဲရိုက်ကြရအောင် ”

ဟီယူက အတန်းခေါင်းဆောင်လက်ကိုချိတ်ရင်း ထယ်ယောင်းနှင့်ဂျောင်ကုကိုပြောလာသည် ။ ငြင်းစရာအကြောင်းမရှိတာမို့ ထယ်ယောင်းတို့လည်း ဓါတ်ပုံဆရာခေါ်ကာ ပုံအချို့ကိုရိုက်လိုက်ကြသည် ။ လေးယောက်သား ပုံရိုက်ပြီးသွားတော့လည်း ဂျောင်ကုကမကျေနပ်သေး ။ ချစ်သူကောင်လေးနှင့်အတူတွဲရိုက်ချင်သေးသည်ဟုဆိုကာ ဓါတ်ပုံဆရာကိုကျောင်းအနှံ့ခေါ်သွားရင်း နှစ်ဦးသားအမှတ်တရရှိခဲ့သည့်နေရာများတွင် ဓါတ်ပုံများရိုက်ယူခဲ့ကြသည် ။

________________

ထယ်ယောင်းနဲ့ဂျောင်ကုတို့ ဓါတ်ပုံရိုက်ရန်ထွက်သွားပြီးသည်နှင့် အချိန်ကိုက်ပင် ဟီယူ၏ဖုန်းကတုန်ခါလာသည် ။

“ ဟယ်လို ”

တစ်ဖက်လူကဘာပြောလာသည်မသိ ။ ဟီယူ၏မျက်နှာကတော့ အတော်လေးကိုကြည်နူးပျော်ရွှင်နေပုံပင် ။

“ ဘယ်သူဆက်တာလဲ ”

ဟီယူဖုန်းချပြီးသည်နှင့် ဟီဂျင်ကမနေနိုင်ပဲမေးလိုက်သည် ။

“ ငါ့ရဲ့မိတ်ဖက်ကဆက်တာပါ...အစတုန်းကတော့ ဒီနေ့သူမအားလို့ အခမ်းအနားကိုမလာနိုင်ဘူပြောခဲ့တာ...အခုတော့ သူရောက်ပြီမလို့ ကျောင်းထဲမှာစောင့်နေပါဦးတဲ့ ”

အထက်တန်းပြီးမြောက်ကြောင်းလက်မှတ်ကိုကိုင်ရင်း ပျော်နေသည့်ဟီယူကိုကြည့်ကာ ဟီဂျင်လည်းလိုက်ပြုံးမိသည် ။ တစ်ခါက သူမ၏ချစ်ရသူမှာလည်း ထိုကဲ့သို့သောစကားများကိုပြောခဲ့ဖူးပါသည် ။ ယခုတော့ဖြင့် အနှီစကားလုံးတို့က ဝေးလွှင့်ကာ သူမတစ်ယောက်ထဲအထီးကျန်စွာပင် ။

မကြာလိုက် ဟီယူ၏မိတ်ဖက်ဖြစ်သူက သူမတို့နှစ်ဦးရှိရာဆီသို့ရောက်လာသည် ။

“ စောင့်နေရတာ ကြာသွားတယ်မလား ကလေး ”

မျက်နှာထားတည်သော်လည်း ပြုံးရိပ်သန်းနေသည့်မျက်ဝန်းတို့ဖြင့် ဟီယူကိုကြည့်နေသော အယ်လ်ဖာအမျိုးသမီးကိုတွေ့သည့်အခါ၌ ဟီဂျင်၏မျက်လုံးအစုံတို့ကမှင်သက်သွားကာ အသက်ရှူဖို့ပင် မေ့မတတ်ဖြစ်သွားခဲ့ရသည် ။ အဘယ်ကြောင့်ဆိုသော် အနှီအယ်လ်ဖာအမျိုးသမီးက မပြောမဆိုနှင့်ပျောက်ကွယ်သွားသည့် သူမ၏ချစ်ရသူ ယွမ်လိရန်နှင့်ချွတ်စွတ်တူနေသောကြောင့်ပင် ။

Compatible Pheromones |TK|✓Where stories live. Discover now