Chapter 3

4K 473 59
                                    

(Unicode)

ထိုနေ့ အတန်းဆင်းသည့်အခါတွင် ထယ်ယောင်းသည် ဆရာမဂိုပေးထားသည့် အဆင့်မြင့်သင်္ချာမေးခွန်းသုံးစုံအားယူ၍ အိပ်ဆောင်သို့ပြန်လာခဲ့သည် ။ အိပ်ဆောင်တံခါးကိုဖွင့်လိုက်သည့်အခါ၌ အမှောင်ထုတစ်ခုက ကြိုဆိုလို့နေသည် ။ ထို့ကြောင့် လိုက်ကာများဆွဲဖွင့်လိုက်ကာ လေကောင်းလေသန့်ရရန် ပြတင်းပေါက်များကိုပါ ဖွင့်လိုက်သည် ။

ထို့နောက် အခန်းပတ်ပတ်လည်အားကြည့်ရှုမိလေ‌တော့ ကြမ်းပြင်ပေါ်တွင်ချထားသည့် မေးခွန်းဟောင်းစာအုပ်များ ၊ သုံး၍ကုန်ထားသော မှတ်စုစာအုပ်များ ၊ အဘိဓာန်များ ၊ မေးခွန်းစာရွက်များ နှင့် နံရံပေါ်တွင် ကပ်ထားသည့် ဖော်မြူလာ note စာရွက်များအား စိတ်ပျက်ဖွယ်တွေ့ရှိလိုက်ရသည် ။ စာကြည့်စားပွဲအားကြည့်လိုက်တော့လည်း မေးခွန်းစာရွက်များဖြင့်သာရှုပ်ပွနေကာ အသုံးပြုထားသည့် ဘောပင်တို့ကလည်း ဟိုတစ်စဒီတစ်စဖြင့် ပြန့်ကျဲလို့နေသည် ။ အံဆွဲအားဖွင့်လိုက်တော့လည်း မှင်မရှိတော့သည့် ဘောပင်များ ၊ အထုတ်ထဲတွင်အသစ်အတိုင်းရှိနေသေးသည့် ဘောပင်များ ၊ ခဲတံများ ဖြင့်ပြည့်နှက်နေကာ စာကြမ်းပိုးတစ်ယောက်၏အသွင်အားအပြည့်အဝပေးလို့နေသည် ။ ၎င်းက သူ၏မဖော်ပြအပ်သော ဘဝအစိတ်အပိုင်းတစ်ခုပင် ။

လူအများအရှေ့တွင်တော့ ကင်မ်ထယ်ယောင်းဆိုသည်မှာ စမတ်ကျ၍စာတော်သည့် ထိပ်တန်းအယ်လ်ဖာတစ်ယောက် ။ သို့သော် သူမည်မျှကြိုးစားသည် ၊ အားထုတ်ရသည် ၊ စိတ်ဖိစီးခံရသည်ကိုတော့ မည်သူမျှမသိကြ ။ ဖိအားများလွန်းသည့် မိသားစုအောက်တွင် ကြီးပြင်းလာရခြင်းက သူ့အားခံစားချက်မဲ့လာစေသည် ။ ဘယ်သောအခါမှ ကိုယ်ခံစားချက်ကိုလှည့်မကြည့်ရဘဲ မိဘဂုဏ် ၊ မိသားစုဂုဏ် ၊ စစ်မှန်သွေးအယ်လ်ဖာ တစ်ယောက်၏ဂုဏ် ကိုမြှင့်တင်ဖို့ရန်အတွက် သေမတတ်ကိုကြိုးစားရသည် ။

မကြာခင်မှာပင် သူ့အသက် တစ်ဆယ့်ရှစ်နှစ်ပြည့်တော့မည် ။ ထို့အတွက်ကြောင့် မိတ်ဖက်ရှာဖို့ကလည်း လိုအပ်လာပြီဖြစ်သည် ။ မိသားစု၏ အတင်းအကျပ်စီမံပေးခြင်းကို မခံချင်တာကြောင့် သူကိုယ်တိုင်ပင် မိတ်ဖက်ရှာရန်ဆုံးဖြတ်ခဲ့သည် ။ သို့သော် မထင်ထားသည်က ဖြစ်လာပြန်သည် ။ သူနှင့်အရာရာတွင် ပြိုင်ဆိုင်နေသည့် ဂျောင်ကုက သူလိုက်မည့်အိုမီဂါတိုင်းအား ပြိုင်လိုက်သည် ။ သို့သော်လည်း နှစ်ယောက်သားရန်ဖြစ်ရင်းနဲ့သာ အချိန်ကုန်သွားလေ့ရှိပြီး မည်သူကိုမျှပင်မရလိုက်ကြ ။

Compatible Pheromones |TK|✓Where stories live. Discover now