Chapter 13

3.6K 364 38
                                    

(Unicode)

စက်တင်ဘာလတစ်ရက်နေ့မှစ၍ ရာသီဥတုသည် အနည်းငယ်အေးစိမ့်စိမ့်ဖြစ်လာသည် ။ ထိုနေ့သည် ကျောင်းပိတ်ရက်ဖြစ်သော်လည်း ထယ်ယောင်းမှာ အိပ်ကောင်းချင်းမအိပ်ရဘဲ မာတာမိခင်ခေါ်ဆောင်ရာ ကုန်တိုက်သို့လိုက်ပါလာရသည် ။ မိန်းမတို့သဘောသဘာဝအတိုင်း ထယ်ယောင်း၏မိခင် မာမားကင်မ်သည်လည်း ဈေးဝယ်ရာတွင် အလွန်ရွေးလွန်းပြီး ကပ်သီးကပ်ဖဲ့နိုင်လှသည် ။

“ ဒါလေးကလှတော့လှပါတယ်...ဒါပေမဲ့ အရောင်ကိုသိပ်မကြိုက်ဘူး...ပြီးတော့ အိပ်ကပ်ကြီးကပါနေသေးတယ်...အိပ်ကပ်မပါရင် ပိုလှမှာ ”

“ ဟုတ်ကဲ့...ဒါက အခုဆောင်းဦးအတွက် ပထမဆုံးထွက်လာတဲ့ ဒီဇိုင်းလေးပါ...သူဌေးကတော်သဘောမကျဘူးဆိုတော့ နောက်ဒီဇိုင်းထွက်လာတဲ့အခါ ကျွန်မတို့ဆက်သွယ်လိုက်ပါ့မယ် ”

“ အေးအေး...အိပ်ကပ်ပါနေတာကြီးကို မကြိုက်လို့ပါ...”

“ ဟုတ်ကဲ့...ရပါတယ် သူဌေးကတော်...နောက်လည်းထပ်လာခဲ့ပါဦးရှင့် ”

ထယ်ယောင်းသည် ဝန်ထမ်းမလေးနှင့်ပြောဆိုနေကြသည့် မာမားကင်မ်အား ကူရှင်တစ်ခုပေါ်တွင်ထိုင်၍ ဗလာသက်သက်မျက်ဝန်းတို့ဖြင့်စိုက်ကြည့်နေလိုက်သည် ။ မနက်ကိုးနာရီကတည်းက ဈေးဝယ်နေသည့် မာမားကင်မ်သည် အထပ်ရှစ်ထပ်မျှရှိသည့် ကုန်တိုက်အား တစ်ဝက်ကျော်မျှပတ်ပြီးသွားပြီဖြစ်သော်လည်း သူမသည်ပစ္စည်းသုံးခုထက်ပိုမဝယ်ရသေးပေ ။ မာမားကင်မ်နောက်သို့ ထယ်ယောင်း တောက်လျှောက်လိုက်နေရသည်မှာ နှစ်နာရီပင်ကျော်လုနေပြီဖြစ်သည် ။

“ လာ...သားကြီး မေမေတို့ ဖိနပ်လေးတွေ တစ်ချက်သွားကြည့်ရအောင် ”

မာမားကင်မ်၏ ဆော်ဩမှုကြောင့် ထယ်ယောင်းလည်း ကူရှင်မှထလိုက်ပြီး မာမားကင်မ်ဝယ်ယူထားသည့် အထုပ်သုံးထုပ်အား ကိုင်ဆွဲလိုက်ကာ မာမားကင်မ်နောက်သို့လိုက်ရပြန်သည် ။ မာမားကင်မ်က အမျိုးသမီးတစ်ဦးဖြစ်သော်ငြား အယ်လ်ဖာဖြစ်တာကြောင့် အရပ်ကအတော်လေးကိုရှည်သည် ။ ထို့ကြောင့် မာမားကင်မ်၏ခြေလှမ်းများသည် အတော်လေးကိုသွက်ပြီး မြန်ဆန်လှသည် ။ ကုန်တိုက်တစ်ဝက်မျှပတ်ပြီးသွားပြီဖြစ်သော်လည်း သူမမှာ ယခုတိုင်မမောပန်းနိုင်သေး ။

Compatible Pheromones |TK|✓Όπου ζουν οι ιστορίες. Ανακάλυψε τώρα