Chapter 39

2.5K 305 54
                                    

(Unicode)

ထယ်ယောင်းနှင့်ဂျောင်ကုတို့ ကျောင်းဝင်းထဲမှထွက်လာချိန်တွင် မနက်ခုနစ်နာရီပင်မထိုးသေးပေ ။

“ ငါတို့ မနက်စာအရင်သွားစားကြမလား ? ”

ဂျောင်ကုက ထယ်ယောင်းလက်ကိုတင်းတင်းဆုပ်ကိုင်ရင်း မေးသည် ။ ဆောင်းရာသီဆိုလျှင် ခြေလက်အေးတတ်သည့်ထယ်ယောင်းကြောင့် ဂျောင်ကုလည်း တွဲထားသည့်လက်အား လွှတ်ပေးရန်အစီစဉ်မရှိပေ ။ ထယ်ယောင်းကလည်း ဂျောင်ကုနှင့်လက်တွဲရသည်ကို သဘောကျတာကြောင့် ဂျောင်ကု‌နှင့်အလိုက်သင့်လေးနေသည် ။

“ အမ်း...မနက်စာကိုပဲအရင်စားကြတာပေါ့ ”

“ ဒါဆိုရင် အရင်ကမနက်စာစားနေကျဆိုင်မှာပဲစားရအောင်...ဟိုတစ်ခါက ငါဝယ်လာပေးတဲ့အစားအသောက်ကိုကြိုက်တယ်မလား ? ”

“ အင်း...ငါ့ကိုအဲ့ဆိုင်ခေါ်သွား ”

“ အိုကေ...သွားကြစို့ ”

ဂျောင်ကုအမြဲစားနေကျ စားသောက်ဆိုင်နှင့်ကျောင်းကသိပ်မဝေးတာကြောင့် နှစ်ယောက်သား အေးအေးလူလူလက်တွဲကာ လမ်းလျှောက်လာကြသည် ။ ထိုစဉ် မေမေကင်မ်သည် သားဖြစ်သူက အိမ်ပြန်မလာတာအတော်လေးကြာပြီဖြစ်တာကြောင့် ကျောင်းကိုလိုက်လာခဲ့သည် ။

သို့သော် ကားပေါ်မှမဆင်းခင် တစ်ခါမှမမျှော်လင့်ထားသည့် ပုံရိပ်အားမြင်လိုက်တာကြောင့် ကားတံခါးဖွင့်တော့မည့်သူမ၏လက်တို့ တွန့်သွားသည် ။ ‌မျက်နှာချင်းဆိုင်မိသည်နှင့် စကားအပေါက်လမ်းမတည့်ကြသည့် ကလေးနှစ်ယောက်သည် ယခုတော့ဖြင့် လက်တွဲထားကြသည် ။

အံ့ဩလွန်းတာကြောင့် မေမေကင်မ်သည် ခပ်လှမ်းလှမ်းမှကလေးနှစ်ယောက်အား မျက်တောင်မခပ်တမ်းစိုက်ကြည့်နေပြီး ကလေးပျောက်သွားခါနီးမှ ဓါတ်ပုံရိုက်ထားရန်သတိရသည် ။ ထို့ကြောင့် မေမေကင်မ်လည်း လက်ကိုင်ဖုန်းအလျင်အမြန်ထုတ်ကာ ထယ်ယောင်းနှင့်ဂျောင်ကုတို့၏‌ နောက်ကျောပုံကို အလျင်အမြန်ရိုက်ယူထားလိုက်သည် ။

သူမဓါတ်ပုံရိုက်ပြီးသည်နှင့် ထယ်ယောင်းနှင့်ဂျောင်ကုတို့လည်း အကွေ့သို့ဝင်ရောက်ပျောက်ကွယ်သွားပြီဖြစ်သည် ။

Compatible Pheromones |TK|✓Where stories live. Discover now