Chapter 22

3K 378 28
                                    

(Unicode)

ဆယ်မိနစ်ပင်မကြာလိုက် ဂျောင်ကုရေချိုးပြီးသွား၍ ထယ်ယောင်းအခန်းဆီသို့ပြန်လာသည် ။ အလောတကြီးရောက်လာဟန်ရသည့် ဂျောင်ကုကရေစိုနေသည့်ဆံပင်ကိုပင် ကောင်းစွာမသုတ်ထား၍ ရေစက်တို့က တစ်စက်စက်ဖြင့် ဝတ်ထားသည့်အဖြူရောင်တီရှပ်ပေါ် ကျနေသည် ။ ထို့ကြောင့် ဂျောင်ကု၏နောက်ကျောတွင် အင်္ကျီကရေအကွက်လိုက်နှင့် ။

“ မင်းဘာလို့ဆံပင်ခြောက်အောင် မသုတ်ခဲ့တာလဲ ? ”

ထယ်ယောင်းက စားလက်စပဲခေါက်ဆွဲပန်းကန်အား စားပွဲပေါ်တွင်တင်လိုက်၍ ဂျောင်ကုအားမေးလာသည် ။

“ ဒီလောက်ကတော့ ကိစ္စမရှိပါဘူး...မကြာခင်ခြောက်သွားလိမ့်မယ် ”

“ မရဘူး...အဲ့ပုံစံနဲ့ဆက်နေမယ်ဆို ငါ့ရှေ့ကိုမလာခဲ့နဲ့...ငါ့အဝတ်ဗီဒိုအပေါ်ထပ်မှာ dryer ရှိတယ်...ဆံပင်ကိုခြောက်အောင်လုပ်လိုက် ”

ထယ်ယောင်းစကားတို့က တသမတ်ထဲနှင့် ။

“ မင်းကလည်း အာဏာရှင်ဆန်လိုက်တာ...ဆံပင်ခြောက်အောင်မလုပ်တာလေးပဲကို ”

“ ဆံပင်ခြောက်အောင်မလုပ်တာလေးပဲဆိုပေမဲ့...အခုကဆောင်းတွင်းဝင်နေပြီလေ...လေဖြတ်တတ်တယ်...ဘဝကိုပေါ့ပေါ့တန်တန်မဖြတ်သန်းနဲ့စမ်း ”

“ ဟုတ်ပါပြီ သခင်လေးရယ်...စားစရာရှိတာကိုသာ ကုန်အောင်စားပါဦး...ကျွန်တော်မျိုးကြီး ဆံပင်ခြောက်အောင်လုပ်လိုက်ပါဦးမယ် ”

ဂျောင်ကုကထိုသို့ပြောရင်း ထယ်ယောင်း၏အဝတ်ဗီဒိုအပေါ်ထပ်မှ dryer ကိုယူလိုက်ကာ ရေချိုးခန်းထဲသို့ဝင်သွားသည် ။ ဂျောင်ကုရေချိုးထဲဝင်သွားမှသာ ထယ်ယောင်းလည်း ကျန်နေသေးသည့်ပဲခေါက်ဆွဲအားစားနေလိုက်သည် ။

ဂျောင်ကု ရေချိုးခန်းသို့ရောက်သည့်အခါ၌ မျက်နှာသစ်ဘေစင်ဘေးရှိ မီးပလပ်ပေါက်နှင့် dryer အားဆက်သွယ်လိုက်ပြီး မှန်လေးကြည့်ကာ ဆံပင်လေမှုတ်နေသည် ။ မှန်ကြည့်နေသည်ဟုဆိုသော်လည်း ဂျောင်ကု၏အကြည့်တို့က ရံဖန်ရံခါ ထယ်ယောင်း၏ရေချိုးခန်းအသုံးအဆောင်ဆီသို့ ရောက်သွားတတ်သည် ။

Compatible Pheromones |TK|✓Tahanan ng mga kuwento. Tumuklas ngayon