Chapter 6

3.9K 453 36
                                    

(Unicode)

ထယ်ယောင်းတို့ ကင်မ်မိသားစုက ထူးခြားသည် ။ အယ်လ်ဖာတွေချည်းရှိသည့် မိသားစုဖြစ်တာကြောင့် K group ကအတော်လေးကို လူပြောများသည့် မိသားစုကြီးလည်းဖြစ်သည် ။ အဓိက ကင်မ်မိသားစုသာမက ဘေးခွဲကင်မ်မိသားစုတို့ကပါ အယ်လ်ဖာတွေချည်းဖြစ်တာကြောင့် အိုမီဂါမျိုးဆက်လေးအား အတော်လေးကိုလိုချင်ကြသည် ။

ကင်မ်မိသားစုတွင် ရှားရှားပါးပါးဖြင့် အိုမီဂါလေးနှစ်ဦးသာလျှင်ရှိသည် ။ ထို့ကြောင့် အနှီအိုမီဂါလေးနှစ်ဦးမှာ K group ၏အဖိုးတန်လေးများဖြစ်ကာ ဆတ်ဆတ်ထိမခံနိုင်သည့် ကျောက်စိမ်းလေးပမာ အလိုလိုက်ခံကြရသည် ။

ကင်မ်ထယ်ယောင်း၏ ဖခင်ဖြစ်တဲ့ သူဌေးကြီးကင်မ်က K group ၏ဦးဆောင်သူဖြစ်ပြီး လွှမ်းမိုးအယ်လ်ဖာတစ်ဦးဖြစ်သည် ။ သူဌေးကြီးကင်မ်၏ လက်တွဲဖော်က ချောမောကာထက်မြက်လှသည့် အမျိုးသမီးအယ်လ်ဖာတစ်ဦးဖြစ်ကာ သာမန်လူဆိုလျှင် အနားပင်မကပ်နိုင်လောက်အောင် အရှိန်အဝါကြီးလှသည် ။ လွှမ်းမိုးအယ်လ်ဖာ နှင့် သာမာန်အယ်ဖာ နှစ်ဦးမှ မွေးဖွားလာသည့် ကင်မ်ထယ်ယောင်းကစစ်မှန်သည့် သွေးအယ်လ်ဖာ တစ်ဦးဖြစ်ကာ လွှမ်းမိုးအယ်လ်ဖာများထက်ပင် ပို၍ အထက်စီးဆန်ပြီး မာနကြီးသည် ။

ထိုထက်ပိုထူးခြားသည်လေးကတော့ အနှီအယ်ဖာနှစ်ဦးမှ ထယ်ယောင်းကိုမွေးဖွားပြီး နှစ်နှစ်အကြာတွင် အိုမီဂါ‌ငယ်လေးအား မွေးဖွားနိုင်ခဲ့ခြင်းပင်ဖြစ်သည် ။ ကင်မ်ထယ်ဟီး ဆိုသည်မှာ အယ်လ်ဖာများ အုပ်စိုးသည့် K group အတွက် အဖိုးတန်လှသည့် အိုမီဂါပန်းလေးတစ်ပွင့်ဖြစ်ပြီး လူတိုင်းက အလိုလိုက်ချစ်ခင်တန်ဖိုးထားလေသည် ။

ကင်မ်ထယ်ဟီးနှင့်အတူ အလိုလိုက်တန်ဖိုးထားခံရသည့်နောက်ထပ် အိုမီဂါလေးက သူဌေးကြီးကင်မ်၏ ညီမဖြစ်သူမှ ထယ်ယောင်းနှင့်တစ်ချိန်ထဲ တူညီစွာ မွေးဖွားခဲ့သည့် အိုဟီဂျင်ပင်ဖြစ်သည် ။

( ဒီမှာလည်နေမှာစိုးလို့... ထယ်ယောင်းနဲ့ ဟီဂျင်က တစ်ရက်ထဲတူတူမွေးတာပါ... ဟီဂျင်က ထယ်ယောင်းနဲ့တစ်ဝမ်းကွဲတော်ပါတယ်... ထယ်ဟီးကတော့ ထယ်ယောင်းရဲ့ ညီမအရင်းပါ... ပြီးတော့ ဟီဂျင်ဆိုတာက အတန်းခေါင်းဆောင်ပါနော် >< )

Compatible Pheromones |TK|✓Waar verhalen tot leven komen. Ontdek het nu