Chapter 4

4.1K 448 28
                                    

(Unicode)

သောကြာနေ့ မနက်ခင်းတွင် ထယ်ယောင်းတစ်ယောက် စာကြည့်စားပွဲပေါ် မှောက်အိပ်ရာမှ နိုးထလာခဲ့သည် ။ အိပ်ချင်စိတ်မပြေသေးတာကြောင့် ယခုသူ့အခြေအနေကို သိရှိရန် အချိန်တစ်ခုယူလိုက်ရသည် ။ မနေ့ညက စာကြည့်စားပွဲမှာတင် သူအိပ်ပျော်သွားခဲ့သည်ပဲ ။ ခေါင်းတစ်ဖက်စောင်းကာ အိပ်ထားသည်ဖြစ်တာကြောင့် ဇက်ကြောများက နာကျင်နေပြီး ခါးကလည်း ညောင်းလို့နေသည် ။

လက်နှစ်ဖက်ကိုမပေါ်သို့ဆန့်လိုက်ရင်း ထိုင်ခုံမှထကာ အညောင်းညာပြေအောင်လေ့ကျင့်ခန်းအနည်းငယ်ပြုလုပ်၍ တစ်ကိုယ်ရည်သန့်ရှင်းရေးပြုလုပ်ရန် ရေချိုးခန်းထဲသို့ဝင်သွားလိုက်သည် ။ ထယ်ယောင်းအနေဖြင့် ဤကဲ့သို့ စာကြည့်စာပွဲပေါ်အိပ်ပျော်ခြင်း ဆိုသည်မှာ မရှိသလောက်ကိုနည်းသည် ။ မနေ့ညကတော့ မည်သို့ဖြစ်သည်မသိ ကိုယ့်ကိုယ်ကိုယ်မထိန်းနိုင်လောက်အောင် စာကြည့်စာပွဲ၌ အိပ်ပျော်သွားသည် ။

မနက်ခုနစ်နာရီထိုးတော့ ကျောင်းဝတ်စုံလှဲ၍ ကျောပိုးအိတ်ကောက်ယူပြီး အခန်းထဲမှထွက်လာသည် ။ ထို့နောက်မနက်စာစားရန် အိပ်ဆောင်အနောက်ဘက် ကျောင်းဝင်းနံရံကို ခုန်ကျော်၍ အပြင်ဖက်စတိုးဆိုင်တစ်ခုသို့သွားလိုက်သည် ။

ဒါပဲလေ စာတော်တဲ့ ကျောင်းသားဆိုပေမဲ့ ကျောင်းစည်းကမ်းကိုလည်း အပြည့်အဝလိုက်နာမနေဘူး ။ ရန်ဖြစ်တယ် ၊ တစ်ချို့စာသင်ချိန်တွေမှာ ပျင်းရင်မှောက်အိပ်တယ် ၊ အပြင်ခိုးထွက်တယ် ၊ စာသင်ချိန်ဖုန်းသုံးတယ် ၊ တစ်ကျောင်းလုံးမှာ စည်းကမ်းမှူးလီရဲ့အပြစ်ပေးခြင်းအခံရဆုံးနှစ်ယောက်ထဲမှာလည်း သူပါတယ်...ဒီလိုနဲ့ပဲ ကင်မ်ထယ်ယောင်းတစ်ယောက် စံပြကျောင်းလူဆိုးရယ်လို့ဖြစ်လာတာပေါ့ ။

ကျောင်းအပြင်ဘက်စတိုးဆိုင်သို့ရောက်သော် ခေါက်ဆွဲဗူးတစ်ဗူး ၊ Tuna onigiri နှစ်ခု နှင့် နို့လက်ဖက်ရည်တစ်ဗူးအားယူလိုက်ပြီး ခေါက်ဆွဲဗူးကိုတော့ အစာပလာ နှင့် ရေထည့်ကာ မိုက်ခရိုဝေ့ထဲသို့ထည့်လိုက်သည် ။ သုံးမိနစ်ခန့်ကြာသောအခါ မိုက်ခရိုဝေ့ထဲမှ ခေါက်ဆွဲဗူးကိုထုတ်ယူလိုက်ပြီး စာပွဲတစ်ခုတွင်နေရာယူကာ မနက်စာစားဖို့ပြင်လိုက်သည် ။

Compatible Pheromones |TK|✓Where stories live. Discover now