Chapter 7

3.8K 427 22
                                    

(Unicode)

ညနေပိုင်း မိသားစုစကားဝိုင်းလေးပြီးသွားသည့်အခါတွင် ထယ်ယောင်းသည် အပေါ်ထပ်ရှိသူ၏အခန်းထဲသို့သွားလိုက်ကာ အခန်းတံခါးအားငြင်သာစွာပိတ်လိုက်သည် ။ ခန်းစီးလိုက်ကာများဖွင့်ထားသည့် ပြတင်းပေါက်အားကြည့်လိုက်တော့ အပြင်တွင် မှောင်ရီနေပြီး မိုးပင်ချုပ်လို့နေပြီဖြစ်သည် ။ ထို့ကြောင့် ကောင်းမွန်စွာအနားယူဖို့ရန်အတွက် ရေချိုးရန်ဆုံးဖြတ်လိုက်ပြီး ရေချိုးခန်းထဲသို့ဝင်သွားလိုက်သည် ။

ပူနွေးလှသည့်ရေကြောင့် ရေချိုးခန်းတစ်ခုလုံးက ရေခိုးရေငွေ့များဝေနေကာ ပတ်ဝန်းကျင်ရှိမြင်ကွင်းအား ပိတ်ဆို့ထားလျက်ရှိသည် ။ ကျယ်ဝန်းလှသည့် ကြွေရေဇလုံအတွင်း ဆပ်ပြာမြှုပ်များအောက်ဝင်ကာ မျက်လုံးမှိတ်၍ ဇိမ်ခံနေသည့် ထယ်ယောင်းက ပူနွေးစိုစွတ်နေသည့်အခြေအနေကြောင့် ရေဇလုံအတွင်း၌ပင် အိပ်ပျော်တော့မယောင် ။

ရေချိုးခြင်းအမှုပြီးသွားတော့ ဆံပင်များကိုခြောက်အောင်ပြုလုပ်လိုက်ပြီး ပေါ့ပါးလှသည့် ညအိပ်ဝတ်စုံဝတ်၍ ကုတင်ပေါ်သို့လှဲချလိုက်သည် ။ ပြန့်ကျဲနေ့သည့်အတွေးစတို့ဖြင့် မျက်နှာကျက်အား အတန်ငယ်စိုက်ကြည့်လိုက်ပြီးနောက်တွင် နံဘေးတွင်ရှိနေသည့် ဖုန်းအားကောက်ကိုင်လိုက်ကာ စာတစ်ချို့ပို့လိုက်သည် ။

---------------------------------------------

ဟီယူတစ်ယောက် စပျစ်သီးစားရင်း တီဗီကြည့်နေတုန်း မက်ဆေခ်ျ့နှစ်ခုဝင်သံကြားလိုက်ရတာကြောင့် ဖုန်းအားကောက်ကိုင်လိုက်သည် ။ ထိုစဉ် ဖုန်းစခရင်ပေါ်တွင်ပေါ်လာသည်က မတူညီသည့် လူနှစ်ယောက်ဆီမှပို့ထားသည့် တူညီသည့် မက်ဆေခ်ျ့နှစ်စောင်...

Boss Kim : ငါတို့ မနက်ဖြန်ရုပ်ရှင်သွားကြည့်ကြရအောင် ...

Boss Jeon : ငါတို့မနက်ဖြန်ရုပ်ရှင်သွားကြည့်ကြရအောင်...

အိုကေ...ဒါကနည်းနည်းတော့များနေပြီ...တိုင်ပင်ထားကြတာမဟုတ်ရင် ဒါက ကျောင်းလူဆိုးနှစ်ယောက်ကြား စိတ်ချင်းဆက်သွယ်နေမှုများလား ။ မတည်ငြိမ်သည့် သံသယအချို့တို့ကြောင့် ဟီယူမှာ ဖုန်းစခရင်ကိုသာကြောင့်ကြည့်နေပြီး အတန်ကြာသည်အထိ ပြန်စာမပို့နိုင်ဘဲရှိသည် ။

Compatible Pheromones |TK|✓Where stories live. Discover now