Chapter 14

3.3K 386 31
                                    

(Unicode)

ဂျွန်မိသားစု၏ သားငယ်ဖြစ်သူ ဂျွန်ဂျောင်ဂု၏ မွေးနေ့ပွဲသည် တန်ဖိုးမြင့်တောင်ပေါ်ဗီလာကြီးတစ်ခုတွင်ကျင်းပခြင်းဖြစ်သည် ။ ၎င်းဗီလာက မြို့တွင်းနှင့်အတော်လေးအလှမ်းဝေးလှပြီး ဆိတ်ငြိမ်လှသည့် တောင်ပေါ်တွင်တည်ရှိသည် ။ အနှီတန်းဖိုးကြီးဗီလာတို့သည် တန်ကြေးအားဖြင့် ‌ဒေါ်လာဂဏန်းရှစ်လုံးခန့်ရှိသည်ဖြစ်တာကြောင့် တော်ရုံချမ်းသာမှုမျိုးနှင့်တော့ ဝယ်ယူ၍မရနိုင်ပေ ။

ဂျွန်မိသားစု၏ တောင်ပေါ်ဗီလာက အတော်လေးကိုကြီးမားပြီး သီးသန့်ဆန်သည် ။ အနှီဗီလာတွင်တော့ အသက်ကြီးပြီဖြစ်၍ အေးအေးချမ်းချမ်းနေချင်သည့် ဖိုးဖိုဂျွန်သည် အိမ်တော်ထိန်း ၊ အစေခံတစ်အုပ်တို့နှင့် ငြိမ်းချမ်းစွာနေထိုင်သည် ။ ဖိုးဖိုးဂျွန်က ဂျောင်ကု၏ အချစ်ရဆုံးသောအဖိုးဖြစ်ပြီး ဂျောင်ကု၏ လေးစားအားကျရဆုံးသော ပုဂ္ဂိုလ်လည်းဖြစ်သည် ။

ဂျောင်ကုက အဓိကဂျွန်မိသားစု၌ အငယ်ဆုံးသောအမွေဆက်ခံသူဖြစ်သည့်အပြင် ဖိုးဖိုးဂျွန်၏ အလိုလိုက်ခြင်းကိုလည်းခံရတာကြောင့် တစ်ဆယ့်ရှစ်နှစ်ပြည့်မွေးနေ့ကိုပင် တောင်ပေါ်ဗီလာတွင် ကျင်းပခွင့်ရလေသည် ။

ဂျောင်ကု၏မွေးနေ့သည် ညနေခြောက်နာရီတွင်စတင်မည်ဖြစ်သည် ။ ထို့ကြောင့် ဂျောင်ကုသည် အစောကြီးကတည်းကပင် ပြင်ဆင်ပြီးနှင့်နေပြီဖြစ်သည် ။ ဂျောင်ကုဝတ်ဆင်ထားသည့် နက်ပြာရောင် tuxedo က နာမည်ကြီးဒီဇိုင်နာတွင် သုံးလခန့်ကြိုအပ်ထားရတာဖြစ်ပြီး ဈေးနှုန်းက ဂဏန်းခြောက်လုံးခန့်ရှိသည် ။ လက်ဖြင့်သေချာချုပ်ထားရသည်ဖြစ်တာကြောင့် ဈေးနှုန်းကအတော်လေးကိုကြီးသည် ။ သို့သော်၎င်းက ဂျွန်မိသားစုအတွက် ပင်လယ်ထဲမှရေတစ်စက်မျှသာ ။

ညနေခြောက်နာရီထိုးသော် မွေးနေ့ပွဲသို့လာသည့် ဧည့်သည်တို့က အဖွဲဖွဲရောက်ရှိလာကြသည် ။ အများစုက စီးပွားရေးလုပ်ငန်းရှင်များဖြစ်ပြီး သူတို့၏သားသမီးများကိုပါ ခေါ်လာတတ်ကြသည် ။ မပြောလျှင်တောင်သိနိုင်သည်က သူတို့ခေါ်လာကြသည့် သားသမီးတို့က အိုမီဂါများဖြစ်သည်လေ ။

Compatible Pheromones |TK|✓Where stories live. Discover now