Chapter 16

3.4K 357 28
                                    

(Unicode)

အမှောင်ထုကြီးစိုးနေသည့် တောအုပ်ကြီးသည် လေတိုးသံနှင့်အင်းစက်အကောင်ငယ်တို့၏ အော်မြည်သံတို့ကြောင့် ထိတ်လန့်ဖွယ်ကောင်းနေပြီး ညှီးစီးစီးသွေးနံ့တို့ကလည်း နေရာအနှံမှထွက်ပေါ်နေသည် ။

ထယ်ယောင်းသည် အနှီတောအုပ်ကြီးထဲတွင် မောဟိုက်စွာပြေးလွှားနေရပြီး အမည်မဖော်နိုင်သည့် အရာတစ်ခုက သူ့နောက်သို့လိုက်နေသည် ။ မှောင်မဲနေသည့် တောလမ်းဖြစ်သည့်အပြင် လမ်းကလည်းမကျွမ်းတာကြောင့် ထယ်ယောင်းမှာ ခြေဦးတည့်ရာသို့ပင် ဇွတ်ပြေးနေရသည် ။ သူ့နောက်သို့လိုက်နေငည့်အရာသည် အနက်ရောင်ဝတ်ရုံကိုခြုံထားပြီး ပြေးလိုက်နှုန်းကလည်းမြန်လှသည် ။

ထယ်ယောင်းသည် မည်မျှပင် ပြေးနိုင်စေကာမူ လူသားတစ်ဦးသာလျှင်ဖြစ်သည် ။ ထို့ကြောင့် သူ့တွင်လည်း ပြေးနိုင်သည့်ပမာဏတို့ကရှိသေးသည် ။ ရပ်နားခြင်းမရှိဘဲ တရစပ်ပြေးလျှင် အချိန်ကြာလာပါကမောပန်း၍ခြေကုန်းလက်ပန်းကျလာနိုင်သည် ။

ယခုချိန်တွင်လည်း ထယ်ယောင်းမှာ သူပြေးနိုင်သည့်လစ်မစ်အားကျော်လာခဲ့ပြီဖြစ်သည် ။ မရပ်မနားပြေးလွှားနေရသည်ဖြစ်တာကြောင့် နှလုံးပင်အောင့်လာကာ အသက်ရှူနှုန်းတို့ကလည်း တဖြည်းဖြည်းနှေးကွေးလာသည် ။ ဒီထက်မကဆက်ပြေးနေလျှင်တော့ ထယ်ယောင်းသည် အမောဖောက်တော့မည်ဖြစ်သည် ။

ထိုသို့တွေးမိလိုက်သည်နှင့် ထယ်ယောင်းသည် မှောင်မဲနေတောလမ်းကြီးထဲတွင် ခလုတ်တိုက်ကာ လဲကျသွားလေတော့သည် ။ သို့နှင့် သူ့နောက်သို့လိုက်နေသည့် အရာကြီးသည်လည်း ထယ်ယောင်း၏ ရှေ့တည့်တည့်သို့ရောက်လာပြီး ရပ်တန့်သွားခဲ့သည် ။

ထယ်ယောင်းမှာ ဒူးခေါင်းနာကျင်မှု နှင့် မောဟိုက်မှုတို့ကြောင့် ဆက်လက်ပြေးနိုင်စွမ်းမရှိတော့ဘဲ အနှီအရာကြီးအား ထိပ်တိုက်ရင်ဆိုင်ရန်ဆုံးဖြတ်လိုက်ပြီး မြေပြင်ပေါ်၌ထထိုင်လိုက်ကာ မျက်စိရှေ့တွင်ရှိနေသည့် အနက်ရောင်ဝတ်ရုံခြုံထားသည့်အရာအား စူးစိုက်၍ကြည့်နေလိုက်သည် ။

ဝတ်ရုံအနက်ခြုံထားသည့် အရာကြီးသည် ထယ်ယောင်း၏အနီးသို့တစ်လှမ်းချင်းလှမ်းလာပြီး အနီးကပ်ဆုံးသို့ရောက်သည့်အခါမှရပ်တန့်သွားသည် ။ ထို့နောက် ဖြူဖွေးနေသည့် လက်တစ်ဖက်သည် ခြုံထားသည့်ဝတ်ရုံစအား တဖြည်းဖြည်းဖယ်ခွာလိုက်သည် ။

Compatible Pheromones |TK|✓Where stories live. Discover now