Chapter 26 (Vol 2)

2.7K 345 30
                                    

(Unicode)

စက်တင်ဘာလ၏ တတိယမြောက်အပတ် ကျောင်းပြန်ဖွင့်သည့်နေ့တွင် အရာအားလုံးက အသစ်တစ်ဖန်ပြန်မွေးလာသကဲ့သို့ သန့်ရှင်းလတ်ဆတ်လို့နေသည် ။ အထူးသဖြင့် လွန်ခဲ့သည့်အပတ်သောကြာနေ့ညတွင် အသေးလေးဆီမှအငြင်းခံထားရသည့် ထယ်ယောင်းနှင့်ဂျောင်ကုတို့ဖြစ်သည် ။

အရာအားလုံးသည် အသစ်ကဲ့သို့ပြန်စတင်နေပြီဖြစ်သော်လည်း ဂျောင်ကု၏စာပွဲအံအတွင်းတွင်တော့ ချောကလက်သုံးတောင့်က ရောက်ရှိနေပြန်သည် ။

“ သုံးတောင့် ? အရင်တစ်ပတ်သောကြာနေ့ကတည်းက ငါမလိုချင်လို့ ပစ်ထုတ်လိုက်တာကို...အခုတော့ ရွဲ့ပြီး သုံးတောင့်ထပ်လာပေးတယ်ပေါ့လေ ”

ဂျောင်ကုက ချောကလက်တောင့်တို့အား ကိုင်ရင်းပြောသည် ။

“ ရွဲ့တာတော့မဟုတ်ဘူးထင်တာပဲ ”

ထယ်ယောင်းက သူ့နေရာတွင်ထိုင်ရင်း မတ်တပ်ရပ်၍ချောကလက်ကိုင်ထားသည့် ဂျောင်ကုအား မေးထောက်ကြည့်နေရင်းဖြင့် ပြောလိုက်သည် ။

“ ရွဲ့တာမဟုတ်ရင် မင်းကဘယ်လိုထင်လို့လဲ ? ”

“ ဟေ့...ငါတို့ နည်းလမ်းကျကျတွေးကြည့်ရအောင်...မင်းပထမဆုံးနဲ့နောက်ဆုံးရခဲ့တဲ့နေ့က သောကြာနေ့မလား ? ”

“ အင်းလေ ”

“ တစ်ရက်ကိုတစ်တောင့်နဲ့တွက်ရင်...အဲ့ချောကလက်သုံးတောင့်က စနေ၊တနင်္ဂနွေ ပြီးတော့ ဒီနေ့အတွက်ပေးတာပဲဖြစ်ရမယ် ”

ဂျောင်ကုက နှာခေါင်းရှုံ့လိုက်သည် ။

“ ဘယ်လိုပဲပေးပေး ငါတကယ်မလိုချင်ဘူး ”

“ ဘာလို့လဲ...မင်းပဲ အချစ်ကဘယ်လိုခံစားချက်လေးလဲ ဆိုတာသိချင်နေတာမဟုတ်ဘူးလား ? အခုက အခွင့်အရေးပဲလေ...တစ်ဖက်လူကတောင် ခြေလှမ်းတွေစနေပြီ ”

ဂျောင်ကု တွေဝေမိသွားသည် ။ အချစ်၏ခံစားချက်အား ရှာဖွေချင်သည်ဆိုသော်ငြား ဤကဲ့သို့သောပုံစံမျိုးနှင့်မဟုတ် ။ တစ်ဖက်ကခြေလှမ်းစတာထက် သူကိုယ်တိုင်ဖက်ကသာရှာဖွေချင်သည် ။ ထို့ကြောင့် ချောကလက်ပေးသူကမည်သူမှန်းမိသိသော်ငြား ဂျောင်ကုမှာနည်းနည်းလေးမျှ လက်ခံချင်စိတ်လည်းမရှိပေ ။

Compatible Pheromones |TK|✓Where stories live. Discover now