Chapter 23

3K 379 29
                                    

(Unicode)

ကျောင်းဖွင့်ရက်တို့သည် ‌အဆောင်နေကျောင်းသူ ၊ ကျောင်းသားများအတွက် တကယ့်ကိုငရဲကဲ့သို့ပင်ဖြစ်သည် ။ မနက်ငါးနာရီထိုးပြီဆိုပါက အဆောင်တွင်းရှိ အသံချဲ့စက်ဆီမှ စည်းကမ်းမှူးလီ၏ အိပ်ရာထရန်နှိုးဆော်သံကို ကြားရတတ်သည် ။

မနက်ငါးနာရီသည် ဆယ်ကျော်သက်အရွယ်လူငယ်လေးတို့အဖို့ အိပ်ကောင်းဆဲအချိန်ဖြစ်တာကြောင့် အသံချဲ့စက်မှ စည်းကမ်းမှူးလီ၏အသံကြားရသည့်အခါ၌ အဆောင်နေမိခြင်း၏နောင်တကို တပွေ့တပိုက်ကြီးခံစားရသည် ။

“ နှိုးထကြလော့...ကမ္ဘာကြီးကနေကိုလှည့်ပတ်နေပြီဖြစ်လို့ အရှေ့အရပ်ကနေပြီး တစ်ဖန်ပြန်လည်နေထွက်လာတော့မယ်...ဒီလိုအချိန်မှာ လူငယ်လေးတွေဖြစ်တဲ့မင်းတို့ကလည်း အရာအားလုံးထက်နောက်ကျနေလို့မရဘူး...ထကြဝောာ့...ကန်တင်းကမနက်စာတွေ အေးကုန်တော့မယ် ”

အသံချဲ့စက်ဆီမှ စည်းကမ်းမှူးလီ၏အသံက အဆောင်တစ်လျှောက်တွင် လွှင့်ပျံ့နေဆဲ ။ ကျောင်းသားအများစုကတော့ ငြီးတွားရင်းဖြင့်သာ သူတို့၏ကျောင်းသားဘဝအား အပြစ်တင်ရင်း အိပ်ရာတွင်းမှထွက်လာကြရသည် ။

အကိုက်ခဲပျောက်ဆေးသောက်ထားသည့် ထယ်ယောင်းကတော့ စည်းကမ်းမှူးလီ၏အသံအား မကြားနိုင်သည့်တိုင် အိပ်မောခြင်း၌ ကျရောက်နေ၏ ။

နာရီဝက်ခန့်အချိန်ယူလိုက်ပြီးနောက်တွင် ဂျောင်ကုသည် ကျောင်းတက်ဖို့ရန်အတွက်ပြင်ဆင်ပြီးသွားပြီဖြစ်သည် ။ အတန်းထဲသို့သွားရန် အခန်းပြင်သို့ထွက်လာချိန်၌ ထယ်ယောင်း၏အခန်းအား အလိုအလျောက်ကြည့်လိုက်မိသည် ။ ထယ်ယောင်းက ဝိရိယရှိသူဖြစ်တာကြောင့် ခါတိုင်းဆိုလျှင် ဂျောင်ကုထက် ဦးလျင်စွာအတန်းထဲသို့ရောက်နေတတ်သည် ။ သို့သော် ဒီနေ့ကတော့ဖြင့် မတူညီ ။

ခြေထောက်ဒဏ်ရာရထားသည့်အပြင် အကိုက်အခဲပျောက်ဆေးပါသောက်ထားသည့် ထယ်ယောင်းက အသံချဲ့စက်ဆီမှ စည်းကမ်းမှူးလီ၏အသံအား မကြားနိုင်လောက်ဟု ဂျောင်ကုထင်မိတာကြောင့် ထယ်ယောင်း၏ အခန်းတံခါးအား ခေါက်ရန်ဆုံးဖြတ်လိုက်သည် ။ သို့သော် အခြားသော ကျောင်းသားများ အိပ်ဆောင်ဆီမှထွက်သွားကြသည့်တိုင် ဂျောင်ကုကတော့ ထယ်ယောင်း၏ အခန်းတံခါးအား ခေါက်သင့် မခေါက်သင့်စဉ်းစားနေသေးသည် ။

Compatible Pheromones |TK|✓Where stories live. Discover now