Chapter 34

2.4K 318 26
                                    

(Unicode)

သင်္ချာချိန်ပြီးသွားသည့်နောက်တွင် ဂျောင်ကုက ထယ်ယောင်းစာရေးခုံပေါ်မှ စာအုပ်များကိုသိမ်းပေးနေသည် ။ ထယ်ယောင်းက လွယ်အိတ်ဆွဲယူ၍ စာသင်ခန်းထဲမှ ခပ်သုတ်သုတ်ထွက်သွားတာကြောင့် သူ၏သင်္ချာစာအုပ်များက ခုံပေါ်တွင်ဖွင့်လျက်သား ကျန်ခဲ့သည် ။

ဂျောင်ကုက စာအုပ်သိမ်းရင်း ထယ်ယောင်းချိုးသွားသည့် ဘောပင်ကိုကောက်ယူကာ ကြည့်လိုက်သည် ။ ၎င်းကိုခေတ္တမျှစိုက်ကြည့်နေပြီးနောက်တွင် ဂျောင်ကုသည်တစ်ခုခုကို နားလည်လိုက်သကဲ့သို့ ပြုံးလိုက်သည် ။ ထို့နောက် သူကိုယ်တိုင်သည်လည်း လွယ်အိတ်ကိုဆွဲယူကာ အပြင်သို့ထွက်သွားသည် ။

အခန်းပြင်သို့မရောက်မှီ ဟီဂျင်အား နောက်အတန်းချိန်တို့မတက်ဖြစ်တော့ကြောင်း ပြောခဲ့ရန်လည်းမမေ့ ။ ဟီဂျင်က အကြောင်းပြချက်အား မေးမည်ပြုသော်လည်း ဂျောင်ကုကတော့ဖြင့် အဝေးတစ်လံသို့ပင်ရောက်နေပြီဖြစ်သည် ။

“ ဂျောင်ကု ဘယ်သွားတာလဲ ? ”

အပြင်ထွက်သွားသည့် ဂျောင်ကု၏ကျောပြင်ကို ယခုမှအခန်းထဲဝင်လာသည့် ဟီယူကမြင်လိုက်တာကြောင့် ဟီဂျင်ကိုမေးလိုက်သည် ။ ဟီဂျင်က ခေါင်းအသာရမ်းပြလိုက်ကာ

“ မသိဘူး...နောက်အတန်းချိန်တွေ မတက်ဘူးလို့ပြောသွားတာပဲ ”

“ အင်းလေ...ထယ်ယောင်းမှရှိမနေတာ...သူက အတန်းထဲမှာဘာလုပ်နေရမှာလဲ ? ”

ဟီဂျင် ပြုံးရုံသာပြုံးလိုက်သည် ။

တစ်ဖက်တွင် ဂျောင်ကုသည် နှုတ်ခမ်းပါးထက်တွင် ခပ်ရေးရေးအပြုံးလေးကို ဆင်မြန်းထားရင်း ကျောင်းအဆောင်သို့ပြန်လာသည် ။ သူမှန်းတာမမှားလျှင် ထယ်ယောင်းသည် ကျောင်းအဆောင်တွင် ရှိနေလိမ့်ပေမည် ။

ဂျောင်ကုမှန်းတာမမှားခဲ့ ။ အခန်းတံခါးကို ဖွင့်လိုက်သည့်အခိုက်တွင် သူ့အိပ်ရာပေါ်တွင် နှစ်ခြိုက်စွာအိပ်ပျော်နေသည့် ထယ်ယောင်းကိုတွေ့လိုက်ရသည် ။ ထယ်ယောင်းက ကျောင်းဝတ်စုံကိုဝတ်ထားရင်းဖြင့်သာ အိပ်ပျော်နေတာကြောင့် ထယ်ယောင်းက အခန်းထဲသို့ပြန်ရောက်ရောက်ချင်း သူ့အိပ်ရာပေါ်တွင် အိပ်ပျော်သွားသည်ဟု ဂျောင်ကုထင်မိသည် ။

Compatible Pheromones |TK|✓Where stories live. Discover now