Chapter 35

2.5K 305 18
                                    

(Unicode)

K group နှင့် J group တို့ကြားတွင် လူသိမခံသည့် လျှို့ဝှက်ချက်ကြီးတစ်ခုရှိသည် ။ ၎င်းက လွန်ခဲ့သည့်နှစ်နှစ်တွင် ဖြစ်ပျက်ခဲ့သည့်ပြန်ပေးဆွဲမှုနှင့် တိုက်ရိုက်သက်ဆိုင်ပြီး ထယ်ယောင်းနှင့်ဂျောင်ကုကိုကာကွယ်ရန် အနှီလျှို့ဝှက်ချက်ကို တင်းတင်းကျပ်ကျပ်ထိန်းသိမ်းထားခဲ့သည် ။

လွန်ခဲ့သည့်နှစ်နှစ် ဩဂုတ်လတစ်ဆယ့်ရှစ်ရက်နေ့တွင် ဖြစ်ပွားသည့်ပြန်ပေးဆွဲမှုသည် တောင်ကိုးရီယားတစ်နိုင်ငံလုံအတွက် လျှို့ဝှက်ချက်တစ်ခုတော့မဟုတ်ခဲ့ပေ ။ K group ကိုဦးဆောင်သည့် မစ္စတာကင်မ်သည် အင်အားကြီးလွှမ်းမိုးအယ်လ်ဖာဖြစ်သည့်အပြင် K group တစ်ခုလုံးကိုချုပ်ကိုင်ထားနိုင်သည့် အာဏာရှိတာကြောင့် မနာလိုသူပေါများသည် ။

ကင်မ်ရှင်းဆိုသူသည် အဓိကကင်မ်မိသားစုနှင့် ဆွေမကင်းမျိုးမကင်းသူဖြစ်ပြီး မစ္စတာကင်မ်အား အားကျမနာလိုသူတစ်ဦးဖြစ်သည့်အပြင် လောဘကြီးသူတစ်ဦးလည်းဖြစ်သည် ။ K group တွင် ကင်မ်ရှင်း၏ရာထူးသည် အနိမ့်ထဲတွင်မပါသော်လည်း တကယ့်လူကုံထံအသိုင်းဝိုင်းထဲ ဝင်ဆံ့ဖို့ရန်တော့ အရည်အချင်းမပြည့်မှီပေ ။

ထို့ကြောင့် အလိုလောဘများလှသည့်ကင်မ်ရှင်းသည် လူကုံထံအသိုင်းဝိုင်းထဲတွင်ဝင်ဆံ့နိုင်ရန် သူကိုယ်တိုင်၏ဂုဏ်သိက္ခာများကို ချနင်း၍ အထက်လူကြီးများအား ဖော်လံဖားလားလုပ်ခဲ့သည် ။ ကင်မ်ရှင်း၏ မျက်နှာပြောင်တိုက်လွန်းမှုတို့သည် အံ့ဩစရာမကောင်းသော်လည်း လူအများ၏ နှာခေါင်းရှုံ့စရာဖြစ်သည် ။

ကင်မ်ရှင်းကိုယ်တိုင်လည်း သူ၏လုပ်ရပ်များက နှာခေါင်းရှုံ့စရာဖြစ်နေမှန်းသိသော်လည်း သူ့လောဘက သူ့အားအမှောင်ဖုံးစေခဲ့သည် ။

CNK group သည် ယခုမှအခြေတည်စလုပ်ငန်းတစ်ခုဖြစ်ပြီး စီးပွားရေးဈေးကွက်၌ စတင်ခြေချနေဆဲကာလဖြစ်သည် ။ K group ၏ ဖက်ရှင်ဒီဇိုင်းများသည် ပြည်တွင်းဈေးကွက်တွင် ပြိုင်ဘက်ကင်းလှတာကြောင့် CNK group က သူတို့လုပ်ငန်းများကို K group နှင့်ပူးပေါင်းချင်ခဲ့သည် ။

သို့သော် J group နှင့်အစကတည်းကပူးပေါင်းထားပြီးဖြစ်သည့် K group သည် CNK ၏ကမ်းလှမ်းချက်များကို ယဉ်ကျေးစွာငြင်းဆိုခဲ့သည် ။ ၎င်းက CNK group အတွက် မသမာနည်းလမ်းများကို အသုံးပြုစေရန် တွန်းအားပေးသည့် အကြောင်းပြချက်တစ်ခုဖြစ်လာသည် ။

Compatible Pheromones |TK|✓Unde poveștirile trăiesc. Descoperă acum