Chapter 20

3.2K 361 3
                                    

(Unicode)

အင်္ဂါနေ့မနက်ခင်းတွင် ဂျောင်ကုသည် ပျင်းရိစွာဖြင့်အတန်းထဲသို့ဝင်လာခဲ့သည် ။ မနေ့ညက ညဉ့်နက်သည်အထိ ဂိမ်းဆော့လိုက်တာကြောင့် အိပ်ချင်စိတ်ကလုံးဝမပြေသေး ။ ထို့ကြောင့် အတန်းထဲရှိ မိမိနေရာသို့ရောက်သည်နှင့် ခုံပေါ်သို့ချက်ချင်းမှောက်ကာအိပ်နေလိုက်သည် ။

ဂျောင်ကုရှေ့တွင်ထိုင်နေသည့် မျက်မှန်နှင့်ကောင်လေးသည် ဂျောင်ကုအားတစ်ခုခုပြောချင်သော်ငြား ဂျောင်ကုကမျောက်အိပ်နေတာကြောင့် အခွင့်မသာပဲရှိနေသည် ။ အဘယ်ကြောင့်ဆိုသော် ဂျောင်ကုက သူအိပ်နေချိန်အတွင်း နှောက်ယှက်ခံရသည်ကို အင်မတန်မုန်းသည်လေး ။

မျက်မှန်နှင့်ကောင်လေး အခက်တွေ့နေစဉ် ထယ်ယောင်းသည် အေးဆေးကာတည်ငြိမ်သည့် ခြေလှမ်းတို့ဖြင့် အတန်းထဲသို့ဝင်လာသည် ။ ကောင်လေးသည် ထယ်ယောင်းအားတွေ့သည့်အခါ၌ ကယ်တင်ရှင်တွေ့လိုက်ရသကဲ့သို့ခံစားလိုက်ရပြီး ထယ်ယောင်းအားပြောလိုက်သည် ။

“ ထယ် ထယ်ယောင်း...အတန်းပိုင်ယူက မင်းတို့နှစ်ယောက်ကိုပြောခိုင်းလိုက်လို့...မင်းနဲ့ဂျောင်ကုနဲ့ ကျောင်းရောက်ရင်သူ့ဆီလာခဲ့ပါတဲ့ ”

ကောင်ငယ်လေးစကားပြောပြီးချိန်တွင် ထယ်ယောင်းက ထိုင်ခုံပေါ်ထိုင်စသာရှိသေးသည် ။ ထို့နောက် ‌လွယ်အိတ်အား အောက်သို့ချလိုက်ကာ မျက်မှန်နှင့်ကောင်လေးအား ပြန်ဖြေလိုက်သည် ။

“ အင်း...ကျေးဇူးပဲ ဂီဟျွန်း...ငါဂျောင်ကုကိုပြောလိုက်မယ် ”

“ အွန်း ”

ဂီဟျွန်းက ထယ်ယောင်းအားပြောပြီးသွားတော့ သူ့နေရာသူပြန်သွားကာ ငြိမ်ငြိမ်လေးထိုင်နေသည် ။ စိတ်ထဲတွင်တော့ ဘယ်သောအခါကမှ အတန်းအားစိတ်ဝင်စားခြင်းမရှိခဲ့သည့် ထယ်ယောင်းက သူ့နာမည်အားသိနေခြင်းကြောင့် အံ့ဩလို့နေသည် ။

မနေ့ကနှစ်ယောက်သား ခွင့်မတိုင်ပဲ ကျောင်းလစ်ထားတာကြောင့် ဗလကြီးယူကသူတို့အားရုံးခန်းခေါ်ခြင်းဖြစ်မည်ကို ထယ်ယောင်းသိသည် ။ ထို့ကြောင့် ခုံပေါ်တွင်မျောက်အိပ်နေသည့် ဂျောင်ကုအားနိုးရန် ဂျောင်ကု၏စာရေးခုံ‌ခြေထောက်အား ခပ်ဖွဖွကန်လိုက်သည် ။

Compatible Pheromones |TK|✓Where stories live. Discover now