Book 30 Chapter 428

Start from the beginning
                                    

ရန်ကျောက်ကဲက...

"ဒါက ကျင့်ကြံခြင်းပုံစံ ကွာခြားတဲ့အတွက် ဖြစ်ပေါ်လာတဲ့ မတူညီမှုပါပဲ ၊ တူညီတဲ့သားရဲတွေရဲ့ သွေးကို ရယူကျင့်ကြံထားတဲ့ သိုင်းသမားတွေကို အုပ်စုဖွဲ့ပေးလိုက်ရင် အဖွဲ့လိုက်တိုက်ခိုက်တဲ့စွမ်းအားက မြင့်တက်လာမှာပဲ"

သူက ဆက်ပြောသည်။

"ဒါပေမဲ့ ဒီနည်းလမ်းက ငါတို့ အစွန်းရောက်ရှစ်ပါးကမ္ဘာနဲ့ မသင့်တော်ပါဘူး ၊ မဟာကပ်ဘေးကြီးမတိုင်ခင်က အုပ်စုလိုက် တိုက်ခိုက်ကြတဲ့ အစီအရင်ပုံစံတွေရှိပေမယ့် ပြန်အသုံးပြုဖို့ကျတော့ လိုအပ်ချက်တွေရှိနေတယ် ၊ အလွယ်တကူ အကောင်အထည်ဖော်လို့ မရနိုင်ဘူး ၊ သာမန်ထက်ပိုတဲ့ စွမ်းအားကို လိုချင်တယ်ဆိုရင် တန်ဖိုးကတော့ ပေးဆပ်ရတာပဲလေ"

ရန်ကျောက်ကဲက နှုတ်ခမ်းများကို ပွတ်သပ်ရင်း...

"အင်း... ဒီအစ်ကိုကြီးက တိုက်ပွဲအစီအရင်ပုံစံတွေအကြောင်း အများကြီးသိထားပေမယ့်... အဲဒါတွေအားလုံးက အရမ်း အဆင့်အတန်းမြင့်မားလွန်းတယ်"

အားဟူက...

"သခင်လေး... သူတို့တွေက အင်အားသုံးပြီး ကျွန်တော်တို့ကို တိုက်ခိုက်ချင်နေတာလား ၊ အကုန်လုံး ကြက်အမွှေးနှုတ်သလို နှုတ်ပစ်လိုက်မယ်..."

ရန်ကျောက်ကဲက ပခုံတစ်ချက်တွန့်ရင်း ကောင်းဖန်နှင့် စာပေသမားလူရွယ်ကို ကြည့်လိုက်သည်။

"အိမ်ရှေ့စံမင်းသားက မင်းတို့ကို အတော်လေး အလေးထားသားပဲ ၊ ချက်ချင်း စစ်တပ်ကြီးရောက်ချလာတယ်"

ထိုစကားကိုကြားတော့ လင်းယုန်ငှက်မွှေးဂိုဏ်းချုပ် 'ကောင်းဖန်' ၏မျက်နှာက ဖြူဖပ်ဖြူလျော် ဖြစ်သွားပြီး လူရွယ်စာပေသမားကတော့ မဲ့ရွဲ့သွားသည်။

အပြင်ဘက်တွင် တောင်ကိုဖြို ၊ ပင်လယ်ကိုလှန်တော့မည့်အလား တပ်ဖွဲ့ကြီးကတော့ အလုံးအရင်း ရောက်လာပြီ ဖြစ်သည်။

စာပေသမားက...

"အဲဒါက အရှင့်သားရဲ့ တပ်ဖွဲ့မဟုတ်ဘူး ၊ သွေးနီလှံရှည်တပ်ဖွဲ့ရဲ့ စစ်သေနာပတိက သူ့စစ်တပ်ကိုဦးဆောင်ပြီ ရောက်လာတာ ၊ အဲဒီလူက ဒေါသလည်းကြီး ခေါင်းလည်းမာသလို စိတ်ထင်တိုင်းလည်းကျဲတတ်သေးတယ်"

မိုးကောင်းကင်၏ မဟာအကြံအစည် (MM Translation) Part IIIWhere stories live. Discover now