အပိုင်း - ၂၈

Mulai dari awal
                                    

Dominant Alphaတစ်ယောက်၏အင်အားမှာ အထင်သေးစရာ မဟုတ်သည့်အလျောက် မှိုင်းဟန်မြခေတ်ကို ချုပ်နှောင်ရသည်မှာ လွယ်ကူသည့်ကိစ္စတော့မဟုတ်ပေ။သို့သော် ယခုအချိန်၌ မှိုင်းဟန်မြခေတ်၏စိတ်တို့သည် ဒေါသဖြင့် ဖုံးလွှမ်းနေတာကြောင့် သူ၏တိုက်ကွက်တို့သည် ဟာကွက်တို့ရှိလာ၏။ထို့အပြင် အများနှင့်တစ်ယောက်ဖြစ်နေတာကြောင့် အချိန်တစ်ခုကြာ ခုခံပြီးသည့်နောက်တွင်တော့ မှိုင်းဟန်မြခေတ်၏လက်တို့သည် နောက်ပြန်ချုပ်ခံလိုက်ရတော့သည်။

မှိုင်းဟန်မြခေတ်၏ဉာဏ်များမှုကို သိရှိထားကြသည့် ထိုလူတို့မှာ အဆောက်အဦးအတွင်းသို့ မှိုင်းဟန်မြခေတ်ကို မခေါ်သွားခင်၌ ရှိရှိသမျှလက်နက်တို့ကို မှိုင်းဟန်မြခေတ်၏ကိုယ်ပေါ်မှ ဖယ်ရှားလိုက်ကြပြီး မြေပြင်ပေါ်သို့ တစ်နေရာစီ ပစ်ချလိုက်၏။ထိုအထဲမှ ဗုံးများစီတန်းထားသည့် ခါးပတ်တစ်ခုကိုတော့ ထိုလူများထဲမှ တစ်ယောက်က အကုန်စု၍ ပေါက်ကွဲမည်ကို စိုးသည့်အလား တစ်ခုချင်းစီဖြန့်၍ ‌ခပ်ကျဲကျဲ အသာအယာ ပစ်ချလိုက်လေသည်။

"ခွေးမသားတွေ!!..အခုချက်ချင်း ငါ့ကိုလွှတ်စမ်း!..၊ မင်းတို့ရဲ့စောက်ခွက်တွေ လူရုပ်မပေါ်ဘဲ..သေသွားအောင် လုပ်ပြမယ်!"

ထိုလူများသည် မည်သည့်အရာကိုမှ မမြင်ရ၊မကြားရသည့်နှယ် မှိုင်းဟန်မြခေတ်၏ ရုန်းကန်မှုများနှင့် ဆဲရေးမှုများကို လျစ်လျူရှုထားကြပြီး မှိုင်းဟန်မြခေတ်ကို အဆောက်အဦးအတွင်းထဲသို့ ခေါ်သွားကြသည်။ မှိုင်းဟန်မြခေတ်သည် အတွင်းရှိမြင်ကွင်းကို မြင်သည်နှင့် ရုန်းကန်မှုများရော ဆဲရေးမှုများပါ ရပ်တန့်ကုန်ကာ ထိုမြင်ကွင်းကို မယုံနိုင်သည့်အလား ဆွံ့အစွာ ကျောက်ရုပ်တစ်ခုလို မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေလေသည်။

"သခင်ကြီး..ကျွန်တော်တို့ သခင်လေးကို..ခေါ်လာပါပြီ.."ဟု မှိုင်းဟန်မြခေတ်ကို ချုပ်နှောင်ထားသည့်လူများက အရှေ့တည့်တည့်ကို အရိုအသေပေးလျက် ပြောလာပြီး ချက်ချင်းဆိုသလို မှိုင်းဟန်မြခေတ်ကို လွှတ်ပေးလိုက်ကြသည်။

ချုပ်နှောင်မှုမှ လွတ်မြောက်သွားသော မှိုင်းဟန်မြခေတ်သည် အသိစိတ်လွတ်နေသည့် လူတစ်ယောက်ပမာ ထိုနေရာ၌သာ တောင့်တင်းစွာ ရပ်တန့်နေပြီး အနီးကပ်ကြည့်မည်ဆိုလျှင် မှိုင်းဟန်မြခေတ်၏နှုတ်ခမ်းတို့သည် မသိမသာ တုန်ယင်နေကြသည်ကို တွေ့မြင်ရမည်ပင်။ အတ္တဝါဒီသည် မယုံကြည်နိုင်မှု၌ ပိတ်မိနေသော မှိုင်းဟန်မြခေတ်ကို မျက်နှာသေဖြင့် စိုက်ကြည့်နေရင်း သူ့ဘေးနားရှိ အတွင်းရေးမှူးကို လုပ်လိုက်တော့ဟူသည့် သဘောဖြင့် လက်အမူအရာ လုပ်ပြလိုက်၏။

မှိုင်းဟန်မြခေတ် {Hiatus}Tempat cerita menjadi hidup. Temukan sekarang