အပိုင်း - ၁၇

402 23 5
                                    

#Unicode

"မှိုင်း!..အဆင်ပြေရဲ့လား?"

ထိုင်နေရာမှ ချက်ချင်းထလာပြီး သူ၏ကျောကိုပုတ်ပေးရင်း ပြောလာသောလူကို မှိုင်းဟန်မြခေတ် ချောင်းဆိုးရင်းနှင့်ပင် ခေါင်းညိတ်ပြလိုက်သည်။မကြာလိုက်၊ သူ၏စိတ်တို့ တည်ငြိမ်သွားသည်နှင့်အတူ သူ၏ချောင်းဆိုးခြင်းအမှုသည်လည်း ခုနကဖြစ်ပေါ်ခဲ့သည့် အံ့ဩခြင်းနှင့်အတူတကွ ပျောက်ကွယ်သွားရှာတော့သည်။

သူအဆင်ပြေသည်သေချာမှ မျက်နှာချင်းဆိုင်ရှိထိုင်ခုံပေါ်တွင် ပြန်ထိုင်သွားသော ရွှေအိုရောင်ဆံပင်နှင့်လူသည် သူ၏မျက်နှာကို အကဲခတ်ရင်း စိုးရိမ်နေသော မျက်နှာထားဖြင့် အလေးအနက်ပြောလာလေသည်။

"ကြည့်ရတာ..ခန္ဓာကိုယ်က သေချာပြန်မကောင်းသေးတာဖြစ်မယ်..၊ အခုလို ရေသီးတယ်ဆိုတာက အာရုံကြောတွေအားနည်းနေလို့ဖြစ်တာ..၊ မှိုင်း ခဏနေရင် ဆေးသွားစစ်ရအောင်"

"မ..မလိုပါဘူး ဒီအတိုင်း..အခန့်မသင့်လို့ဖြစ်ရုံလေးပါ"လို့ ပြောလိုက်ရင်း မျက်လုံးထောင့်တွင်မြင်နေရသော ထိပ်ဆုံးခုံရှိလူကို မှိုင်းဟန်မြခေတ် အကဲခတ်လိုက်သည်။

အရှိန်အဝါများ ဖုံးလွှမ်းနေဆဲထိုလူမှာ သူအမြင်မှားခြင်းမဟုတ်ဘဲ အမှန်တကယ် Dominant Alphaတစ်ယောက်ဖြစ်နေလေကာ မှိုင်းဟန်မြခေတ် မတတ်သာဘဲ သက်ပြင်းချမိတော့သည်။သူ၏အကြံအစည်မှာ တကယ်ကို သဲထဲရေသွန်ဖြစ်သွားရသည်က မှိုင်းဟန်မြခေတ်ဆိုသည့် သူ့အတွက်တော့ အတော်ခံရခက်သော ကိစ္စတစ်ခုပင်။ယခုချိန်အထိ သူခန့်မှန်းခဲ့၊လုပ်ခဲ့သည်များ၌ အလွဲအမှားဟူ၍မရှိခဲ့ဖူးကာ ယခုလို လွဲမှားမိတော့လည်း အခြားအချိန်မှာမဟုတ်ဘဲ မိမိ၏အသက်ကို လောင်းကြေးထပ်ရသည့်အချိန်မှ ဖြစ်နေခဲ့သည်။

သူ၏မာနတို့သည် အရှိန်ပြင်းပြင်းဖြင့် မှန်ကွဲစများပမာ တစ်စစီ ရိုက်ချိုးခံရသလို မှိုင်းဟန်မြခေတ် ခံစားလိုက်ရ၏။

ထိုသို့ဆိုပါက လုံးလုံးလျားလျား အနိုင်တိုက်နိုင်ရန် ဖြစ်နိုင်ခြေရှိခဲ့သော ၁ ရာခိုင်နှုန်းလေးမှာလည်း ဆေးလိပ်ငွေ့အသွင်သဏ္ဍာန်ဆောင်၍ လေထဲ၌ လွင့်မျောပျောက်ကွယ်သွားပြီဖြစ်လေသည်။ ပေါင်ပေါ်တွင် တင်ထားသော မှိုင်းဟန်မြခေတ်၏လက်တို့သည် သခင်၏စိတ်အခြေအနေအရ သွေးမလျှောက်တော့သည်အထိ ခပ်တင်းတင်း ကွေးညွတ်သွားကြ၏။

မှိုင်းဟန်မြခေတ် {Hiatus}Where stories live. Discover now