အပိုင်း - ၁၁

423 18 1
                                    

#Unicode

ငှက်ကလေးများ၏ ချိုသာသောမြည်သံလေးများက အေးချမ်းလှသော ‌နေ့ခင်းအချိန်အခါလေးကို အလှပိုစေရန် ပံ့ပိုးပေးနေသည့် အချိန်လေးတွင်ဖြစ်သည်။

ကြီးမားလှသည့် စံအိမ်တော်ကြီး၏အခန်းတစ်ခုထဲ၌ လူနှစ်ယောက်မှာ တစ်ယောက်နှင့်တစ်ယောက် အပြန်အလှန် စိုက်ကြည့်လျက်ရှိကာ လေထုမှာ အလွန်အမင်း တင်းမာလျက်ရှိသည်။ထို့အပြင် ထိုလူနှစ်ယောက်၏ မျက်လုံးစိမ်း အသီးသီးမှာလည်း မီးပွားများ ပွင့်ထွက်လာမယောင် တောက်ပနေကြကာ ကြောက်မက်ဖွယ်ကောင်းသည့်အကြည့်များက တစ်ယောက်ပေါ်တစ်ယောက် ကျရောက်လျက်ရှိ၏။

အချင်းချင်း စိုက်ကြည့်မှုမှာ အချိန်ခဏကြာလာပြီးနောက် တစ်ဖက်လူက အလျှော့မပေးမည်ကို ရိပ်မိသွားသော ဘယ်ဘက်ခြမ်းရှိ မျက်လုံးစိမ်းပိုင်ရှင်က အံကိုကြိတ်ရင်း သူတို့နှစ်ယောက်ကြားရှိ ကျွန်းစားပွဲခုံကို ရိုက်ချလိုက်သည်။အရှိန်ပါသည့်အပြင် အားအနည်းငယ်ပါ ပါသွားတာကြောင့် ထိုစားပွဲမှာ ကြမ်းပြင်ထဲသို့ အနည်းငယ် ကျွံသွားလေသည်။

ထိုအခါ ညာဘက်ခြမ်းရှိ မျက်လုံးစိမ်းပိုင်ရှင်က ထိုအပြုအမူကြောင့် အလွန်ဒေါသထွက်သွားဟန်ဖြင့် ကြမ်းပြင်ထဲ နစ်ဝင်နေသည့် လေးလံလှသော ကျွန်းစားပွဲခုံကြီးကို ဆွဲလှန်ပစ်လိုက်၏။

ကြားထဲမှ အပြစ်မရှိသော စားပွဲခုံလေးမှာတော့ မှန်ပြတင်းပေါက်မှတစ်ဆင့် လေထဲသို့ဖြတ်သန်းသွားကာ စားပွဲခုံ၏အကျိုးအပဲ့များနှင့်ဖန်ကွဲစများသည် အိမ်တော်အပြင်ဘက်ရှိ မြက်ခင်းပြင်ပေါ်၌ တစ်စစီ ပျံ့ကျဲသွားလေသည်။

ထိုအချိန်တွင် အခန်းတံခါးမှာပွင့်လာပြီး မျက်မှောင်ကို အတော်ကျုံ့ထားသည့် စိတ်ရှုပ်နေသည်မှာ မျက်နှာတွင် အထင်းသားပေါ်နေသော လူတစ်ယောက် ဝင်လာလေသည်။ထိုလူ၏မျက်လုံးနက်များက တစ်စစီကွဲနေသည့် မှန်ပြတင်းပေါက်ကို မြင်သောအခါ ‌ပိုမိုနက်မှောင်သွားပြီး ထိုအရာ၏တရားခံနှစ်ယောက်ကို ကြည့်လာသည်။

"ဒါကဘာဖြစ်နေကြတာလဲ?"

ထိုလူ၏အသံကိုကြားသောအခါ ညာဘက်ခြမ်းရှိ မျက်လုံးစိမ်းပိုင်ရှင်က ချက်ချင်း ခေါင်းလှည့်ကြည့်လာကာ မည်သူဆိုသည်ကိုမြင်သည်နှင့် ပိုဒေါသထွက်သွားသည့်ဟန် မျက်ခုံးနှစ်ဖက်ကိုပါ တွန့်ချိုးပစ်လိုက်၏။

မှိုင်းဟန်မြခေတ် {Hiatus}Where stories live. Discover now