#Unicode
တိတ်ဆိတ်ငြိမ်သက်လျက်ရှိသော အခန်းထဲ၌ လေထုသည် နှစ်ခြမ်းကွဲနေ၏။တစ်ဖက်မှာ မိုးကြိုးများ တခြိမ်းခြိမ်း ထွက်ပေါ်နေသယောင်ဖြစ်ပေါ်နေကာ ထိုဘက်တွင် ထိုင်နေသောလူသည် စိတ်ဓာတ်မှာ အောက်ဆုံးကို ထိုးကျနေပုံပေါ်သည်။
တစ်ဖက်မှာတော့ သက်တန့်လေးများပင် အခုတစ်ရာလောက်ရှိနေပုံပေါ်သည့် သက်တောင့်သက်သာဖြစ်စွာ နေရာလေးဖြစ်နေကာ ထိုအခြမ်းတွင် ထိုင်နေသည့်လူကတော့ စိတ်အခြေအနေမှာ မိုးပေါ်တွင် ရှိနေတာ သေချာလှသည်။
ကွဲပြားလွန်းလှသည့် အခန်းအခြေအနေမှာ အခုမှ အခန်းထဲ ဝင်လာသည့်လူဆိုလျှင် ကမ္ဘာနှစ်ခုအား ဆက်စပ်ထားသည့် အခန်းများလားဟုပင် တွေးထင်သွားနိုင်လေသည်။
တွေးထားသည့်အတိုင်းပင်၊ အခုလေးမှ အခန်းတံခါးအား ဖွင့်လိုက်မိသူဟာ ထိုအရာကိုမြင်ပြီး ကြောင်အသွားရှာ၏။နားမလည်နိုင်နေသည့် မျက်နှာအမူအရာကို ချိတ်ဆွဲထားကာ ခေါင်းတောင် ဘေးဘက်သို့ နည်းနည်းစောင်းသွားသလိုပင်။
"What's going on?.."
ထို့သို့ပြောလိုက်ပြီးနောက် တံခါးကိုပြန်ပိတ်ပြီး ဆက်လျှောက်လာလိုက်ကာ ယခုအထိ တောက်ပလျက်ရှိနေသေးသော ညာဘက်ခြမ်းရှိ ဆိုဖာပေါ်သို့ Pesno ဝင်ထိုင်လိုက်သည်။ထိုအခါ ဘယ်ဘက်ခြမ်းရှိလူငယ်လေးမှာ အခက်တွေ့ပြီး တွန့်ဆုတ်သွားဟန် နှုတ်ခမ်းကို ခပ်ဖွဖွကိုက်လာသည်။
မျက်နှာချင်းဆိုင်ရှိလူငယ်မှာ အောက်ကိုမျက်နှာငုံ့သွားတာကြောင့် မေးလည်းမထူးတော့မှန်းသိလိုက်ကာ Pesno၏အကြည့်မှာ သူ့ဘေးရှိလူထံသို့ ရောက်လာတော့သည်။အကြည့်ခံရသည့်လူမှာလည်း Pesnoကို တည့်တည့်ပြန်ကြည့်လာပြီး ပြုံးပင်ပြလာသေးသည်။သို့သော် ဘာအကြောင်းဆိုသည်ကို မပြောပြပေ။
Pesno မျက်ခုံးကို လက်မဖြင့် တစ်ချက်ခြစ်လိုက်ရင်း ထိုသားအဖနှစ်ယောက် ဘာအကြံအစည်လုပ်နေသည်ကို မတွေးတတ်တော့ချေ။ထိုသားအဖနှစ်ယောက်သည် ပုံမှန်ချိန်ဆိုလျှင် မတည့်ချင်မတည့်ဘဲ နေလိမ့်မည်။တစ်ခုခု၊မဟုတ်တာ ကြံစည်ကြမည်ဆိုလျှင်တော့ ကမ္ဘာပေါ်တွင် သူတို့နှစ်ယောက်လောက် ချစ်မြတ်နိုးကြသည့်မဟာမိတ် မရှိတော့လောက်အောင် တည့်ကြသော မျက်နှာနှစ်ဖက်များ ဖြစ်ကြသည်။
YOU ARE READING
မှိုင်းဟန်မြခေတ် {Hiatus}
Random"အေး..ငါက ရိုင်းတယ်! အဲ့တော့..သောက်ဘောပဲ! ီး!!" မှိုင်းဟန်မြခေတ်