အပိုင်း - ၁၄

400 12 0
                                    

#Unicode

မှောင်မိုက်လှသည့်အခန်းထဲ၌ တိတ်ဆိတ်ငြိမ်သက်စွာဖြင့် သူ ရောက်ရှိနေသည်။ဤ‌နေရာ၌ ရောက်ရှိနေသည်မှာ ဘယ်လောက်ကြာပြီဖြစ်ကြောင်းကို သူ မသိပေ။ထို့အပြင် မည်းနက်လှသည့် ဤမြင်ကွင်းသည် မည်သည့်အရာကိုမျှ မြင်နိုင်စွမ်းမရှိသည့် အမှောင်ထုဖြစ်သော်ငြား မှိုင်းဟန်မြခေတ်ဆိုသည့် သူကတော့ ထူးခြားစွာဖြင့် ထိုအမှောင်ထုနှင့် ရင်းရင်းနှီးနှီး ရှိနေလေသည်။

အေးစက်လှသည့် အထိအတွေ့ကြောင့် ခါတိုင်းလို ကျောက်ခင်းပြားပေါ်တွင် ထိုင်နေကြောင်း မှိုင်းဟန်မြခေတ် သိလိုက်သည်။ထိုအချိန်တွင် အမှောင်ထုထဲသို့ ရုတ်တရက် တိုးဝင်လာသည့် စူးရှရှ အလင်းရောင်ကြောင့် မှိုင်းဟန်မြခေတ် လက်ဖြင့် မျက်လုံးကို အလိုအလျောက် ကာလိုက်မိ၏။ထို့နောက် အလင်းရောင်နှင့် အသားကျပြီဆိုခါမှ လက်ကိုဖယ်ပြီး အလင်းရောင်တည်ရှိရာအရပ်ကို မှိုင်းဟန်မြခေတ် အကြည့်ပို့လိုက်သည်။

ထိုအရပ်၌ အရိပ်ပုံသဏ္ဍာန်ကိုသာ မြင်ရသည့် လူဟုထင်ရသော ခပ်ရှည်ရှည်အရာတစ်ခုရှိသည်။ထိုအရာအား မြင်သည်နှင့် မှိုင်းဟန်မြခေတ် သတိအနေအထားဖြစ်သွားရကာ ခန္ဓာကိုယ်မှာလည်း ရွေ့လျားနိုင်မှုများ ကင်းမဲ့သွားရ၏။

ထိုအရာသည် သူ၏အနီးအနားသို့ လျင်မြန်စွာဖြင့် ရောက်ရှိလာပြီး လက်နှစ်ဖက်မှာ သူ၏လည်ပင်းဆီသို့ ဦးတည်လာတော့သည်။ထို့နောက် ဝိုးတဝါး အသံက ထိုအရာဆီမှ အက်ရှစွာဖြင့် ထွက်ပေါ်လာ၏။

ထိုအသံသည် ရည်ရွယ်ချက်များကို ဖုံးကွယ်မထားသည့် စကားလုံးသုံးလုံးသာ။

'သေသွားစမ်း'

မှိုင်းဟန်မြခေတ် အတတ်နိုင်ဆုံး ရုန်းကန်ရန် ကြိုးစားသော်ငြား မျက်စိရှေ့ရှိ ထိုခပ်မည်းမည်းအရာကို မြင်တိုင်း အားလျော့မှုကသာ ပိုမိုတိုးလာလေသည်။ထို့အပြင် တဖြည်းဖြည်းနှင့် လစ်လပ်လာသော အောက်စီဂျင်က ယနေ့မှာ သူ၏သေနေ့ဖြစ်သည်ဟု သွယ်ဝိုက်ပြောနေသယောင်ရှိ၏။

ထိုအချိန်မှာပင် ရုတ်ခြည်းဆိုသလို မှိုင်းဟန်မြခေတ် ထိုအမှောင်ထုထဲမှ လွတ်မြောက်သွားလေသည်။တစ်ချိန်တည်းမှာပင် ဝေဝါးနေသေးသည့် သူ၏အလုံးစုံ အာရုံထဲသို့ စိတ်ကြည်လင်မှုပေးနိုင်သည့် ခပ်သင်းသင်း ရနံ့လေးတစ်ခုက ညင်သာစွာ ဝင်ရောက်လာ၏။ထို့အပြင် သူ၏ရှေ့တွင် လူတစ်ယောက် ရပ်နေကာ သူ့ဆီသို့ လက်ဆန့်တန်းပေးနေသည်။

မှိုင်းဟန်မြခေတ် {Hiatus}Where stories live. Discover now