အပိုင်း - ၂၁

384 19 3
                                    

#Unicode

လုပ်ချင်ရာလုပ်ခဲ့ရသဖြင့် စိတ်ပျော်နေသော Pesnoသည် သူ၏အကျင့်အတိုင်း စိတ်ထဲရှိရာ သံစဉ်တစ်ခုကို အသာညည်းရင်း စံအိမ်ဆီသို့ ပြန်လာခဲ့လေသည်။စံအိမ်ရှိ တံခါးများမှာ တစ်ဖက်ထဲကိုသာ အားသာသော တံခါးများဖြစ်သည်။ပို၍ရှင်းလင်းစွာ ပြောရလျှင် အပြင်ရှိလူက အထဲသို့ ဝင်ချင်ပါက တံခါးကို ဆွဲရမည်ဖြစ်ပြီး အထဲမှလူက အပြင်သို့ထွက်ချင်ပါက တံခါးကို တွန်းရမည်ဖြစ်သည်။

ယခုအခါ သူက တံခါးကို ဆွဲလိုက်သည်နှင့် စံအိမ်အတွင်းမှလူက တံခါးကိုတွန်းလိုက်သည်က တစ်ချိန်တည်းဖြစ်သွားလေတော့ လူနှစ်ယောက်၏အားကြောင့် တံခါးမှာ အားပါစွာဖြင့် ပွင့်လာတော့သည်။စံအိမ်အတွင်းရှိလူမှာ တံခါးကို မှီထားသည့်ပုံပင်။မထင်မှတ်ထားသည့် တံခါးပွင့်သွားမှုကြောင့် ထိုလူ၏ခန္ဓာကိုယ်က အရှေ့သို့ ငိုက်စိုက်ကျလာ‌လေ၏။

ခန္ဓာကိုယ်၏အလိုအလျောက် တုံ့ပြန်မှုအရ Pesnoသည် သူ၏လက်နှစ်ဖက်ကို ချက်ချင်းအရှေ့ကိုထုတ်၍ တစ်ဖက်လူ၏လဲကျမှုကို တားဆီးပေးလိုက်သည်။တစ်ဦးနှင့်တစ်ဦး အသားချင်းထိတွေ့သွားသည့် အခိုက်အတန့်၌ ကာယကံရှင်နှစ်ဦးလုံးသည် ရင်းနှီးနေသော ရနံ့တို့ကြောင့် တစ်ဦးကမော့၍ တစ်ဦးက ငုံ့ကြည့်လိုက်ကြ၏။

တစ်ဖက်လူမှာ မည်သူဖြစ်သည်ဆိုသည်ကို မြင်လိုက်လေတော့ သူတို့နှစ်ဦးလုံးသည် မထင်မှတ်ထားသည့် မျက်နှာအမူအရာတို့ဖြင့် တစ်ယောက်အတွက်တစ်ယောက် သတ်မှတ်ထားသော ကိုယ်ပိုင်နာမ်စားလေးများကို အံ့ဩမှုစွက်ရင်း ခေါ်ဆိုလိုက်ကြလေသည်။

"My love?.."
"My prince?"

တစ်ချိန်တည်း ထွက်ပေါ်လာသော အသံနှစ်ခုမှာ အံဝင်ခွင်ကျဖြစ်စွာဖြင့် ပေါင်းစည်းသွားပြီးနောက် ထိုလူနှစ်ဦးသည် မိမိတို့ကို ကိုယ်စားပြုသည့် နာမ်စားလေးများကို ကြားလိုက်ရသဖြင့် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်း အသီးသီး ခပ်ဖွဖွ ရယ်လိုက်မိကြသည်။

Pesno၏ရင်ခွင်ထဲသို့ မထင်မှတ်စွာ ရောက်ရှိသွားသော ညဉ့်မဲ့လရောင်မှာ ချော်လဲရောထိုင်ပြုမူလိုက်ပြီး ခန္ဓာကိုယ်ကိုပြန်မမတ်ဘဲ Pesno၏ပခုံးပေါ်မေးတင်၍ ခါးကိုတင်းကျပ်ကျပ် ဖက်လိုက်လေသည်။

မှိုင်းဟန်မြခေတ် {Hiatus}Where stories live. Discover now