အပိုင်း - ၁၂

412 12 2
                                    

#Unicode

သူ၏ရှေ့တည့်တည့်ရှိ ရင်းနှီးလှသော အပန်းဖြေစံအိမ်ကြီးကို ၅ကြိမ်မြောက် လှည့်ကြည့်လိုက်ပြီးနောက်မှာတော့ ညဉ့်ယံသွင် မတတ်သာတော့ဟန် သက်ပြင်းချလိုက်မိတော့သည်။

ယခုမှာ နွေဦးဂျွန်နှင့် ဘာဆက်လုပ်ရမည့်အကြောင်းကို ဆွေးနွေးပြီး ယခုစံအိမ်သို့ ရောက်ရှိလာခြင်းဖြစ်သည်။ရုတ်တရက် နွေဦးဂျွန်ဆိုသည့် နာမည်ကို ခေါင်းထဲတွေးမိတော့ ညဉ့်ယံသွင်၏နှုတ်ခမ်းထောင့်နှစ်ဖက်မှာ မကျေနပ်စွာ တွန့်သွားရလေသည်။

ထို့အပြင် နေ့ခင်းတုန်းက နွေဦးဂျွန်နှင့်ဖုန်းပြောမှုက ညဉ့်ယံသွင်၏မှတ်ဉာဏ်ထဲမှတစ်ဆင့် ရုပ်လုံးပေါ်လာ၏။
________________________________________

ဆူညံစွာ သွားလာနေကြသော လူပေါင်းများစွာကို ကြည့်ရင်း ယနေ့၏ဘယ်နှစ်ကြိမ်မြောက်မှန်းမသိသော သက်ပြင်းချမှုက ညဉ့်ယံသွင်ဆီမှ တစ်ဖန်ထွက်ပေါ်လာသည်။အသက်ဘေးမှလွတ်ရန် အစွမ်းကုန် ပြေးလာခဲ့သော်ငြား ညဉ့်ယံသွင်တစ်ယောက် မြို့ထဲသို့ရောက်လာပြီးနောက် ဘယ်သွားလို့သွားရမှန်းမသိ ဖြစ်နေရရှာသည်။

အမြန်ပြေးလာရသည့်အတွက် ပိုက်ဆံအိတ် မပါလာခြင်းကြောင့် ဆိုင်တစ်ဆိုင်ဝင်ထိုင်‌ရဖို့တောင် မစွမ်းသာကာ လမ်းဘေး၌သာ bikeရပ်ပြီး မတ်တတ်ရပ်နေရသည်။ဖုန်းထဲရှိ ဘဏ်နှင့်ချိတ်ထားသော appများမှာလည်း အဖေနှစ်ယောက်၏ကောင်းမှုနှင့် ပိတ်သိမ်းသွားရှာကာ ရင်တွင်းနာကျင်မှုများကို ညဉ့်ယံသွင် စိတ်လွတ်လက်လွတ် အော်ဟစ်ပစ်လိုက်ချင်မိသည်။

ကြံရာမရအဆုံး၌ တစ်ဦးတည်းသော သူငယ်ချင်းလေး၊ ချစ်လှစွာသော နွေဦးဂျွန်ဆီသို့သာ ဖုန်းဆက်ရတော့သည်။ဖုန်းသံမှာ အကြိမ်အနည်းငယ် မြည်နေပြီးနောက် တစ်ဖက်လူ၏အံ့ဩမှု အနည်းအကျဥ်းစွက်သော ပြန်ဖြေသံက ထွက်ပေါ်လာ၏။

"Jane?"

"အဂျွန်..ငါ မင်းအိမ်မှာ..လာနေမယ်"

ထိုအခါ နွေဦးဂျွန်သည် ၂ဆအံ့ဩသွား၏။

ပထမအချက်အနေဖြင့် ထိုနေ့က သူ၏စနောက်မှုကြောင့် စိတ်ဆိုးပြီး ဖုန်းမခေါ်သူက ယခုအခါ ထူးထူးခြားခြား အရင်စ၍ခေါ်လာသည်။ထို့အပြင် ပို၍အံ့ဩသွားစေသည့် နောက်အချက်က သူ၏အိမ်မှာ ကောင်းကျိုးဟူ၍ ကြီးမားသည်သာရှိပြီး ကျန်သည့်အရာများမှာ ပျင်းစရာအလွန်ကောင်းကြောင်း၊ စသည့် အမျိုးမျိုးသော မကောင်းကြောင်းများကို အားတိုင်းရှိ မှိုချိုးမျှစ်ချိုး ထိုင်ပြောတတ်သော ထိုသခင်လေးက သူ၏အိမ်တွင်လာနေမည်ဟု တွန့်ဆုတ်ခြင်းမရှိ ပြောလာသည်။

မှိုင်းဟန်မြခေတ် {Hiatus}Where stories live. Discover now