အပိုင်း - ၂၀

444 18 2
                                    

#Unicode

ခါတိုင်းတပ်ဆင်နေကြ အပြုံးတုကို ပိုမိုတောက်ပစွာ ဖြစ်တည်စေပြီးနောက် Pesnoသည် Dominant Alphaတစ်ယောက်၏အရှိန်အဝါများကို ဖြန့်ကျက်လျက် သူ၏တည်ကြည်သောအသံဖြင့် အမိန့်တစ်ခုကို ချလိုက်လေတော့သည်။

"အခုတစ်ခေါက်..missionကို မင်းတို့နှစ်ယောက်..အတူတူသွားရမယ်"

ကြောင်အသွားရှာသော ညဉ့်ယံသွင်နှင့် မှိုင်းဟန်မြခေတ်တို့မှာ မျက်အိမ်တို့ကျယ်ပြီး ပါးစပ်တို့ အလိုအလျောက် ပွင့်ဟသွားရှာလေသည်။နှစ်ယောက်ထဲမှ အရင်အသိပြန်ဝင်လာသော ညဉ့်ယံသွင်က မှိုင်းဟန်မြခေတ်၏အင်္ကျီစကို ချက်ချင်းဆောင့်လွှတ်ပြီး လက်များညစ်ပေသွားဟန် သူ၏လက်နှစ်ဖက်ကို အင်္ကျီစနှင့် ခပ်ကြမ်းကြမ်း ပွတ်သုတ်လိုက်ကာ Pesno၏လက်နှစ်ဖက်ကို အသာဆုပ်ကိုင်လာ၏။

"Pa..What are you talking about?.. It's just a banter.. right?"

{Banter - British Slang word, means 'Teasing'}

စကားအဆုံး၌ ကိုင်ထားသည့်လက်တို့ကို ခပ်ဖွဖွ ဖျစ်ညှစ်ရင်း မျှော်လင့်ချက်မျက်ဝန်းစိမ်းများဖြင့် ညဉ့်ယံသွင် ပါးကိုကြည့်လိုက်ရာ သူထင်မြင်ထားသည့် တုံ့ပြန်မှုနှင့်ကွဲလွဲစွာဖြင့် ပါးသည် ပြတ်သားနေသော မျက်လုံးများဖြင့်သာ ပြန်ကြည့်လာလေသည်။မယုံကြည်နိုင်ဖြစ်သွားသော ညဉ့်ယံသွင်သည် ပါးစပ်ဟလိုက်သော်လည်း ဘာပြန်ပြောရမည်မှန်းမသိတော့ချေ။

ထိုအချိန်၌ နောက်ထပ်အသိဝင်လာသော မှိုင်းဟန်မြခေတ်က ပါးစောင်ကို လျှာဖြင့်တစ်ချက်ထိုးပြီးနောက် ဝင်ပြောလာလေသည်။

"ပထမအချက်အနေနဲ့ အစ်ကိုတို့ဂိုဏ်းက ကိစ္စတွေမှာ ကျွန်တော်ပါစရာအကြောင်းမရှိဘူး..၊ဘာမှမပက်သက်တဲ့ ဂိုဏ်းတစ်ခုအတွက်နဲ့..ကိုယ့်အသက်ကိုယ် စတေးရလောက်တဲ့အထိတော့ ကျွန်တော့်အသက်က အပေါစားဆန်မနေဘူး..၊ နောက်ဒုတိယအချက်က ဒီကောင်နဲ့အလုပ်တွဲလုပ်ရမဲ့အစား..ကျားဖင်ပဲ သွားနှိုက်လိုက်မယ်"

သူ၏စကားကိုကြားပြီးနောက် ပိုမိုပြုံးသွားသော ရွှေအိုရောင်ဆံပင်နှင့်လူကြောင့် မှိုင်းဟန်မြခေတ် မကောင်းသည့် အငွေ့အသက်များကို အလိုအလျောက် ခံစားမိလိုက်သည်။ကိစ္စများ ပိုဆိုးရွားမလာခင် ထွက်ပြေးရန် ခြေထောက် 'မ'လိုက်ချိန်၌ ရွှေအိုရောင်ဆံပင်နှင့်လူသည် သူ၏စကားများကို ခွန်းတုံ့ပြန်လာ၏။

မှိုင်းဟန်မြခေတ် {Hiatus}Where stories live. Discover now