Description

5.4K 167 10
                                    



လော့ချီသည် သူမ၏သတို့သားလောင်းက သူတို့၏လက်ထပ်စာချုပ် မရရှိခင် ဖောက်ပြန်နေကြောင်း သိရှိခဲ့ရသောကြောင့် သူမ ထိုလူနှင့် ပြတ်ပြတ်သားသား လမ်းခွဲခဲ့ပြီး မင်္ဂလာပွဲကို ဖျက်သိမ်းခဲ့သည်။

ယခု သူမ၏သတို့သားဟောင်းက ငွေကြေးရင်းနှီးမြှုပ်နှံမှု အသိုင်းအဝိုင်းတွင် ထွန်းသစ်စကြယ်တစ်ပွင့် ဖြစ်သည်။ သူမဆွေမျိုးများ၏အမြင်တွင် သူမအသက်အရွယ်၌ သတို့သားဟောင်းထက် အခြေအနေကောင်းသည့် အခြားယောက်ျားကို ရှာတွေ့ရန် မဖြစ်နိုင်ပေ။ သူမ၏သတို့သားဟောင်းတောင်မှ ဤသို့ ထင်မြင်လေသည်။

ထိုညက ယွမ်ဝေအုပ်စု၏သူဌေးကြီး ကျန်းရှန်းဟယ်က ရုတ်တရက် သူမကို မေးလာခဲ့သည်။

"လော့ချီ မင်း ကိုယ်နဲ့ စမ်းကြည့်ချင်သလား"

လော့ချီက ကျန်းရှန်းဟယ်ကို အံ့အားသင့်စွာ ကြည့်နေလျက် အာစေးမိနေပါ၏။

ကျန်းမိသားစု၏တတိယသားသည် အထက်တန်းစား အသိုင်းအဝိုင်းတွင် ရပ်တည်နေခြင်းပင် ၊ သူမက သူနှင့် လုံးဝခြားနားပြီး သူ၏ 'စမ်းချင်ကြည့်သလား' ဆိုသောအရာမှာ သူမနှင့် ကျီစယ်ကစားရန် စိတ်ကူးသက်သက်မျှသာ ဖြစ်သည်။ သူမ မတတ်နိုင်ဘူး။

လော့ချီက သူ့ကို ငြင်းပယ်ဖို့ အကြောင်းပြချက်ရှာရန် စဉ်းစားနေသည်။ ကျန်းရှန်းဟယ်က သူမကို ကြည့်ပြီး ထပ်ပြောလာပြန်ပါ၏။

"ဒါက စိတ်ကူးသက်သက်မဟုတ်ပါဘူး.. ကိုယ့်အတွေးတွေထဲမှာ မင်းရှိနေခဲ့တာ ခုနစ်နှစ်ရှိပြီ"

ဒီနှစ်က သူ့နှလုံးသားထဲမှာ သူမလေးရှိနေခဲ့တာ ခုနစ်နှစ်မြောက်...

လော့ချီအနေနှင့် သူမ အသက် ၂၉ နှစ်အရွယ်တွင် တစ်ကြိမ်ရူးသွပ်သွားခဲ့ပြီး လူတိုင်းထံမှ အမှန်တရားကို ဖုံးကွယ်ကာ သူမသူဌေးနှင့် လျှပ်တစ်ပြတ် လက်ထပ်စာချုပ်တစ်ခု ရယူခဲ့သည်ကို မမျှော်လင့်ထားခဲ့။ ထိုသူက ပြောပါသေး၏။

"မင်း လက်ထပ်ချင်တဲ့သူက ကိုယ်မဟုတ်နိုင်ပေမဲ့ ကိုယ်လက်ထပ်ချင်တဲ့သူကတော့ အမြဲတမ်း မင်းပါပဲ"

7years Secret Love ( ဘာသာပြန် )Where stories live. Discover now