အပိုင်း(၃၃)

223 34 3
                                    

နှလုံးသားနဲ့နာတော်မူပါ:အပိုင်း(၃၃)

ဝေးရရင်ဆိုတဲ့အသေးစားပူပင်မှု

"အဲ့နေ့က ဖိုးညိုပုံက ငါ့မျက်လုံးထဲကကို မထွက်ဘူး၊တစ်လျှောက်လုံးသူများတွေကို စ နေတာအကောင်း၊သူ့အလှည့်ကျ ငိုတာရပ်တောင်မရပ်ဘူး"

"ဟုတ်ပါ့!စန်းလွင်၊စန်းလွင်ဆိုပြီး ငိုသံပါကြီးနဲ့ခေါ်နေတာ မသိရင် စန်းလွင်ကပဲသူ့ရည်းစားလိုလို၊အဖေလိုလိုနဲ့"

ကိုတိုးကြီးနဲ့ဇင်ကို့ရယ်သံက ပဲ့တင်ထပ်သွားတဲ့အထိ ကျယ်ကျယ်လောင်လောင်။ဖိုးညိုက အမြင်ကတ်စွာနဲ့ မျက်စောင်းကြီးထိုးရင်း "အေးပါ မင်းတို့ရယ်ထားပါ" လို့ မချိတင်ကဲအံကြိတ်သံနဲ့ပြောတယ်။

ဖိုးညိုလဲရှက်အမ်းအမ်းကြီးနဲ့သာ တင်းခံထားရတာ။သူ့အဖြစ်ကလဲ ဘယ်သူကြားကြားရယ်ချင်စရာကြီး။သူဆွဲခေါ်ခဲ့မိတဲ့ မစိန်ကြည်က တော်တော်လေးကို စိတ်ထားပြည့်ပြီး လူငယ်ဘဝကိုနားလည်ပေးနိုင်သူမို့သာ ပြဿနာကြီးကြီးမားမားမဖြစ်ခဲ့ခြင်းပင်။

သူ့ကိုရယ်နေကြတဲ့လူတွေကို အမြင်ကတ်ကတ်နဲ့ကျိန်ဆဲနေတုန်း လူတစ်ယောက်ရဲ့ အော်ခေါ်သံကသူတို့့နားထဲရောက်လာတယ်။ခေါ်လာတဲ့ နာမ်စားကိုကြားရပြန်တော့ ဝိုင်းအရယ်ခံရတဲ့လူက ပိုင်စိုးဖြစ်လို့သွားပြန်တယ်။

"ဆရာပိုင်စိုး၊ဆရာပိုင်စိုး ရှိလား"

ကိုတိုးကြီးက ပြုံးစိစိနဲ့လှမ်းအော်တယ်။
"မင့် ဆရာပိုင်စိုး ဒီဘက်မှာဟေ့!"

ပိုင်စိုးရှက်သွားရတယ်။မောင်ပြူးသူ့နားကိုရောက်လာတော့ ထိုင်နေရာကနေ ဆတ်ခနဲထပြီး မောင်ပြူးရဲ့ပါးစပ်ကိုလက်ဖဝါးနဲ့ပိတ်ကာမိလောက်မဲ့အထိ ပျာပျာသလဲဖြစ်သွားရရင်း...
"ဟာ ဟိတ်ကောင်၊မင်းကို ငါ့နာမည်ရှေ့ ဆရာတပ်မခေါ်ဖို့ပြောထားတယ်လေ"

"ဆရာထိုက်နွယ်ရဲ့သူငယ်ချင်းဆိုတော့ ဆရာကလဲ ဆရာပိုင်စိုးပဲပေါ့"

"မင်းကတော့ မနိုင်တော့ဘူး အခုကဘာဖြစ်ရပြန်ပြီလဲ"

"ဘာမှမဖြစ်ဘူး ဆရာထိုက်နွယ်ကစာပေးခိုင်းလိုက်လို့"

နားနဲ့မနာ၊ဖဝါးနဲ့မနာ...နှလုံးသားနဲ့နာတော်မူပါ...(ongoing)Where stories live. Discover now