အပိုင်း(၄)နွယ်လို့ခေါ်မယ်လေ...

622 91 1
                                    

နှလုံးသားနဲ့နာတော်မူပါ:အပိုင်း(၄)နွယ်လို့ခေါ်မယ်လေ...နာမည်အရှည်ခေါ်တာမကြိုက်ဘူးမလား...

ပုဇွန်ဆီရောင်တောက်တောက်နေရောင်က ပတ်ဝန်းကျင်တစ်ခုလုံးကို မျက်စိပသာဒဖြစ်ပြီးလှနေစေတယ်။အဲ့အထဲမှာ ထိုက်နွယ်လဲပါတယ်။

နေညိုချိန်တိမ်တောက်တဲ့အချိန်ကို အကျည်းတန်လှချိန်လို့ခေါ်ကြတယ်။မလှပအရုပ်ဆိုးတဲ့လူတွေအပေါ်ကို အခေါက်ရွှေလိုဝါဝင်းတဲ့နေရောင်ကျလာတဲ့အခါ ကြည့်ပျော်ရှုပျော်လှသွားတာကိုပြောကြသလား..ဒါမှမဟုတ် ညရောက်ခါနီးမှောင်မဲအကျည်းတန်မသွားခင်လေး ခဏတာရွှေရောင်ဆွတ်ဖြန်းခွင့်ရသွားတဲ့ ပတ်ဝန်းကျင်အလှကိုဆိုလိုသလား ပိုင်စိုးမသိဘူး။

သေချာတာတော့ သူ့မျက်စေ့ရှေ့ သူ့မျက်လုံးကိုရောင်ပြန်လာဟပ်နေတဲ့ ထိုက်နွယ်ကတော်တော်လေးကို မျက်လုံးလွှဲချင်စရာကောင်းမနေဘူး။ ထိုက်နွယ်ရဲ့ ဝင်းဝါစိုပြေတဲ့ အသားအရောင်လေးက ကိုအံ့ကြီး တစ်ခုတ်တစ်ရ စာဖွဲ့သီဆိုခဲ့ရတဲ့ မင်းဂံဘုတ် ရွာသူတွေရဲ့ဝါဝါရီရွှေ ကြည်လင်တဲ့အသားအရောင်ထက်တောင် သာဦးမယ်လို့ ပိုင်စိုးထင်တယ်။ထိုက်နွယ်ရဲ့နဂိုလှတဲ့အသားအရောင်ကိုမှ တိမ်တောက်ချိန်မှာတွေ့လိုက်ရတာ ရွှေစင်ရုပ်တုလေးလိုပဲ။

ရေချိုးပြီးစရှင်းသန့်နေတဲ့ ထိုက်နွယ်ဆီကနေ ဆပ်ပြာနံ့လေးတွေတောင်ရနေသေးသလိုပဲ။ရေမခြောက်သေးတဲ့ ဆံနွယ်ထူထူတွေက ကပိုကရို နဖူးပေါ်ဝဲကျနေတယ်။ပြီးတော့ ထိုက်နွယ်ရဲ့ ​ဖဝါးအောက်က ကတ္တီပါဖိနပ်ကို ကြည့်ပြီး ဒီ​နေ့အပင်တွေကို ရေစောစော မလောင်းမိတာတော်သေးတယ်လို့ပိုင်စိုးတွေးလိုက်မိတယ်။မဟုတ်ရင် ​ထိုက်နွယ်ရဲ့ခြေထောက်လှလှလေးမှာ ရွှံတွေပေကုန်တော့မှာ။

ခပ်ခွာခွာလျှောက်နေကြရင်း အပင်တန်းတွေဆီကိုရောက်တော့ ထိုက်နွယ်နဲ့ခပ်လှမ်းလှမ်းကနေ ပိုင်စိုးရပ်နေလိုက်တယ်။သူက ဖုန်အလူးလူး၊နောက်ချေးနံ့တွေလဲစွဲကောင်းစွဲနေနိုင်တာမို့ ဝေးဝေးမှာနေတာပဲကောင်းမယ်။

ထိုက်နွယ်က အပင်စိုက်ထားတဲ့မြောင်းလေးတွေဘေးကနေ လျှောက်နေရင်း သူ့ကိုစကားလှမ်းပြောလာတယ်။
"ဆလပ်ရွက်ရှိလား ဆလပ်လိုချင်လို့"

နားနဲ့မနာ၊ဖဝါးနဲ့မနာ...နှလုံးသားနဲ့နာတော်မူပါ...(ongoing)Where stories live. Discover now