အပိုင်း(၂)"ြကီးဝေကပြုံးတတ်တယ်လား"

1K 105 0
                                    

နှလုံးသားနဲ့နာတော်မူပါ:အပိုင်း(၂)"ကြီးဝေကပြုံးတတ်တယ်လား"

ဆိုက်ကားကို အားသွန်ခွန်စိုက်နင်းနေရင်း ဘာရယ်မဟုတ် ပိုင်စိုးစိတ်ထဲမှာတက်ကြွနေတယ်။သူ့ရဲ့အခုအပြန်လမ်းက ပင်ပန်းတယ်လို့မခံစားရဘူး။သူပြောခဲ့ဖူးပါတယ်...လူ့စိတ်ဆိုတာကြည်မနေရင် ဘာမဆိုအကောင်းမမြင်တော့ဘူးဆိုတာလေ။အခုကတော့ ပိုင်စိုးစိတ်တွေက ကြည်လင်နေတာမို့ အရာရာတိုင်းကိုအကောင်းမြင်နေပြီး အရာရာကလဲလှပနေတယ်။

ကျဲတောက်နေတဲ့ နေကိုကျောပေးထားရလဲ အဆင်ပြေတယ်။လေအဝှေ့မှာ သစ်ရွက်ခြောက်နဲ့စိန်ပန်းနီနီတွေ ဝေ့ခနဲ ဖြစ်သွားတာကိုလဲ တကယ့်ကိုပြောင်မြောက်တဲ့ သဘာဝအနုပညာလို့မြင်နေပြီ။သူ့ကိုအမောအပြေစေဆုံးကတော့ သူခေါင်းငဲ့ကြည့်လိုက်တိုင်း မြင်နေရတဲ့မြင်ကွင်းလေးပဲ။ထိုက်နွယ်ရဲ့ ဘေးတစ်စောင်းမျက်နှာလေး။ရေကြည်တစ်ပေါက်လို အေးမြတဲ့ မျက်နှာလေး။




ထိုက်နွယ်လမ်းတစ်လျှောက်ကိုငေးရင်းတွေးရင်းနဲ့ပဲငြိမ်ငြိမ်သက်သက်လေးလိုက်လာမိတယ်။သူဟင်္သာတကိုပြန်မလာဖြစ်တာ တစ်နှစ်ကျော်​ကျော်လောက်ရှိပြီ။သူ့မွေးရပ်မြေမြို့လေးကတော့ အဲ့ဒီအတောအတွင်းမှာ ထွေထွေထူးထူးပြောင်းလဲသွားတာမရှိဘူး။

ချိုင့်ခွက်တွေထူပြောနေတဲ့ ကတ္တရာလမ်းကျဥ်းကျဥ်းနဲ့ဲအဲ့ကတ္တရာလမ်းဘေးကမြေကြီးလမ်း ဖုန်ထူထူ၊လူသွားလူလာ ခပ်ကျဲကျဲ၊သီချင်းသံတိုးတိုးနဲ့ လက်ဖက်ရည်ဆိုင်၊ဂိတ်မှာခရီးသည်စောင့်ရင်းကျားထိုးနေတဲ့ ဆိုက်ကားသမားတွေ အကုန်လုံးက သူထွက်သွားတုန်းကအတိုင်းပဲ။

ထိုက်နွယ်တို့ဆိုက်ကားလေးက ဖြေးဖြေးမှန်မှန်ပဲ တိုက်ကျောင်းလမ်းထိပ်ကိုရောက်လာတယ်။အဲ့အခါကျမှ တစ်လျှောက်လုံး တစ်ခွန်းမှမဟပဲ ရုပ်တည်ကြီးနဲ့နေနေတဲ့ ဆိုက်ကားဆရာဆီက အမေးစကားထွက်လာတယ်။

"ပြည်တော်သာလမ်း ဘယ်နားလဲ...အိမ်က"

"ရန်ရှင်း(၁)လမ်းထိပ်က ကြီးဝေကုန်စုံဆိုင်မှာရပ်ပေးပါဗျ"



ကြီးဝေကုန်စုံဆိုင်...
ကနောင်စုရပ်ကွက်၊ပြည်တော်သာလမ်း တောက်လျှောက်နဲ့လမ်းကြိုလမ်းကြားလေးတွေပါမကျန် ကြီးဝေကုန်စုံဆိုင်ဆိုတာကိုမသိတဲ့လူမရှိ။နယ်မြို့လေးဖြစ်တဲ့အပြင် ကုန်စုံဆိုင်ဆိုတာရှားပါးတဲ့အချိန်မို့ ကြီးကြီးဝေရဲ့ကုန်စုံဆိုင်က အရာရာရနိုင်တဲ့ ကုန်တိုက်ကြီးလိုပဲ။ပြီးတော့ ကြီးကြီးဝေက ပစ္စည်းတွေကိုစျေးသိပ်မတင်ဘဲ အမြတ်နည်းနည်းနဲ့အရေအတွက်များများရောင်းတာမို့လဲပါမယ်။

နားနဲ့မနာ၊ဖဝါးနဲ့မနာ...နှလုံးသားနဲ့နာတော်မူပါ...(ongoing)Место, где живут истории. Откройте их для себя