အပိုင်း(၆)"ကြုံတောင့်ကြုံခဲ ဂန္တဝင်တွင်မဲ့ပွဲကို နွယ်ဝင်မနွှဲလိုက်ရမှာစိုးလို့"

597 98 7
                                    

နှလုံးသားနဲ့နာတော်မူပါ:အပိုင်း(၆)"ကြုံတောင့်ကြုံခဲ ဂန္တဝင်တွင်မဲ့ပွဲကို နွယ်ဝင်မနွှဲလိုက်ရမှာစိုးလို့..."

"ထိုက်နွယ်"

"ဗျာ...ကြီးကြီး"

"လာပါဦးခဏ"

ဘယ်လိုအိမ်မျိုးမဆို  ဘယ်လိုမျိုးထူးဆန်းတဲ့မိသားစုပဲ ဖြစ်နေပါစေ အိမ်ကတူ၊သားတစ်ယောက်ယောက်က ရပ်ကွက်ထဲမှာရန်ပွဲအကြီးအကျယ်နွှဲခဲ့ရင်တော့ လူကြီးသူမတွေက စိတ်ဆိုးဒေါသထွက်ကြစမြဲပဲ ဖြစ်တယ်။အဲ့လိုပဲ သူ့ကိုလဲအခုတလော ကြီးကြီးကသိပ်မကြည်လှဘူး။ပိုင်စိုးတို့နဲ့အတူ ရန်ဖြစ်ပြီးကတည်းက ကြီးကြီးကသူ့ကိုစိတ်ဆိုးနေပြီး စကားလဲသိပ်မပြောသလို ပိုင်စိုးကိုလဲ ပိုကြည့်မရဖြစ်သွားတယ်။သူရပ်ကွက်ထဲမှာ ရန်ဖြစ်ရတဲ့အကြောင်းက သူနဲ့နှစ်ဆယ့်လေးနာရီပြည့်အောင် မတွေ့ဖူးသေးတဲ့ ပိုင်စိုးရဲ့အပြစ်လို့ ကြီးကြီးက လှေနံဓါးထစ် တစ်ထစ်ချကိုယုံကြည်နေတယ်။

သူဖတ်လက်စ စာအုပ်ကို စားပွဲပေါ်ကိုမှောက်တင်ထားခဲ့ပြီး ကြီးကြီးရှိနေတဲ့နေရာဆီကိုသွားလိုက်တယ်။

ကြီးကြီးက ဆန်ပြာလက်စ လင်ဗန်းကိုဘေးခဏချပြီး သူ့ဘက်ကိုသေချာလှည့်လို့ပြောလာတယ်။စိတ်ဆိုးနေတယ်ဆိုပေမဲ့ စကားသံကတော့ အေးဆေးညင်သာစွာပဲထွက်လာခဲ့တယ်။

"ထိုင်"

"ကြီးကြီးဘာခိုင်းစရာရှိလို့လဲ"

"ဘာမှမရှိဘူး...မင်းနဲ့ဆွေးနွေးစရာရှိလို့"

"ဟုတ် ဘာလဲကြီးကြီး"

"ထိုက်နွယ်...အခုသားရှေ့လျောက်ဘာလုပ်မယ်တွေးထားလဲ...ဒီတိုင်းပဲ အိမ်မှာစာအုပ်လေးဖတ်လိုက် စားလိုက်သောက်လိုက်၊သူငယ်ချင်းတွေနဲ့အပြင်ထွက်လိုက်အဲ့လိုပဲနေတော့မှာလား...ဒီလိုမေးတာက သားကိုကြီးကြီးကနှိမ်တာမဟုတ်ဘူးနော်၊သားရဲ့ရှေ့ရေးအတွက်ဆွေးနွေးတဲ့သဘောပဲ...ရန်ကုန်ကအလုပ်ကို သားသဘောနဲ့သားထွက်လာခဲ့တယ်...ကြီးကြီးဘာကြောင့်လဲ ဘာလို့လဲမမေးခဲ့ဘူး သားပြောပြမှာပဲဆိုပြီးစောင့်နေခဲ့တာ၊အစကတည်းကလဲ သားကိုကြီးကြီးကသွားစေချင်ခဲ့တာမဟုတ်တော့ ပြန်လာတာ ဝမ်းသာပါတယ်"

နားနဲ့မနာ၊ဖဝါးနဲ့မနာ...နှလုံးသားနဲ့နာတော်မူပါ...(ongoing)Where stories live. Discover now