အပိုင်း(၁၉)
ကျွန်တော်က နွယ့်ချစ်သူဖြစ်နေလို့ကို နွယ့်ကိုယုံတာ...ဂစ်တာကို လက်ဖျားလေးနဲ့ခတ်နေရင်း ပိုင်စိုးစိတ်တွေက အစိုးမရ...တောင်ပြေးမြောက်ပြေးဖြစ်နေတယ်။စိတ်ထဲမှာ ကိုတိုးကြီးတို့ပြောစကားတွေက အခုထိထွက်မသွားသေးပဲ တွေးစရာပုစ္ဆာတစ်ခုအနေနဲ့သူ့ခေါင်းထဲမှာစွဲကျန်ရစ်နေတယ်။
အဲ့နေ့က ကိုတိုးကြီးတို့သုံးယောက်က သူ့ပြောစကားကို မျက်ရည်မျက်မိုးကျတဲ့အထိ ခွက်ခွက်လန်အောင်ရယ်ပြီးမှ ဖိုးညိုက ပြောတယ်။
"ပိုင်စိုးရာ..မင်းနဲ့ ဇင်ယော်စိုး ရုပ်ရှင်ထုတ်လုပ်ရေး..ဘာများသက်ဆိုင်လို့လဲ...မင့်အကူအညီတောင်းမဲ့အစား ကိုထိုက်နွယ်ကိုမေးတာမှ အဲ့ကုမ္ပဏီရဲ့လုပ်ရိုးလုပ်စဉ်ကို နည်းနည်းသိရဉီးမယ်"
ဒီတစ်ခါတော့ ပိုင်စိုးအံ့သြသွားရတဲ့အလှည့်ဖြစ်သွားပြီ။နွယ်က ဇင်ယော်စိုး ထုတ်လုပ်ရေးနဲ့သိနေတာလား။
"ကိုထိုက်နွယ်ကဘာဖြစ်လို့..!!"
"ကိုထိုက်နွယ်က အဲ့ကုမ္ပဏီမှာလုပ်ခဲ့တာလေကွ!စလုပ်ပြီးတစ်နှစ်လောက်လဲကြာရော လက်ထောက်မန်နေဂျာတန်းဖြစ်လို့ ကြီးဝေရယ်ကြွားလိုက်တာလေ...ဟိတ်ကောင်တွေ!မင်းတို့မှတ်မိလား"
ကျန်လူနှစ်ယောက်က ခေါင်းတွေညိတ်ကြတယ်။
"မှတ်မိပါ့ မှတ်မိပါ့"ဖိုးညိုက ဆက်ပြောတယ်။
"ဒါပေမဲ့ ရာထူးလဲကောင်းရဲ့သားနဲ့ ကိုထိုက်နွယ်က ဘာဖြစ်လို့အလုပ်ထွက်ပြီး ဒီမြို့ကိုပြန်လာခဲ့တာလဲ""အဲ့မှာအလုပ်လုပ်တုန်းက သူဘယ်ဌာနမှာလဲ မင်းတို့သိလား"
"တိတိကျကျတော့မသိဘူးကွ!ဘဏ္ဍာရေးဌာနများလားပဲ"
တွေးနေရင်းပိုင်စိုး သက်ပြင်းချလိုက်မိတယ်။နွယ်ကဘာဖြစ်လို့များ ရာထူးလဲကောင်း၊ဌာနကလဲအဆင်ပြေရဲ့သားနဲ့ ကောက်ခါငင်ကာကြီးအလုပ်ထွက်ပြီး ဒီမြို့ကိုပြန်လာခဲ့တာပါလိမ့်။အလုပ်မှာ ဘာပြဿနာများကြုံလို့များလဲ...နွယ့်လိုလူက ပြဿနာကိုအရင်ရှာတတ်တဲ့လူမဟုတ်ဘူးဆိုတာသူသိတာမို့ ပြဿနာကနွယ့်ကိုလာရှာတာမျိုးပဲဖြစ်ရမယ်။
![](https://img.wattpad.com/cover/325683650-288-k617218.jpg)
YOU ARE READING
နားနဲ့မနာ၊ဖဝါးနဲ့မနာ...နှလုံးသားနဲ့နာတော်မူပါ...(ongoing)
Romanceသို့/ နွယ်ရေ...နားနဲ့မနာ ဖဝါးနဲ့မနာ..နှလုံးသားနဲ့သာနာတော်မူပါ။နွယ့်အပေါ်ကို တဏှာတစ်ဖက် သဒ္ဒါတစ်ဖက် နဲ့လှေနံနှစ်ဖက်နင်းမိပါပြီ။နွယ့်အပေါ်ကို ချစ်ကြိုက်တာအပြင် မြတ်နိုးတာပါဆင့်နေမိပြီမို့ အခုရည်းစားစာခေါ် ပိယပဏ္ဏကို ရေးလိုက်ရပါတယ်။