အပိုင်း(၃၂)
သူခိုးကြီးညတန်ဆောင်တိုင်ပွဲတော်လဲပြီးခဲ့ပြီ။လူတိုင်းလူတိုင်း အပျော်အပါးတွေကိုခဏရပ်လို့ အလုပ်လုပ်ရာမှာ ပြန်ပြီးအာရုံစိုက်ရချေပြီ။
ပိုင်စိုးတစ်နေကုန် ကုန်းလိုက်ကွလိုက်၊ပေါက်တူးပေါက်လိုက်၊ရေသယ်လိုက်၊တူးလိုက်ဆွလိုက် လုပ်နေရင်း နွယ့်ကိုသတိရဖို့ပဲတတ်နိုင်ရသလို၊တစ်ဖက်ကနွယ့်မှာလဲ ယားတဲ့နေရာကိုတောင်ချက်ချင်းမကုတ်အားလို့ ထုံးတုံ့မှတ်ထားရတဲ့အထိ။
"မောင်ပြူးရေ..."
"ခင်ဗျာ ဆရာ!"
ထိုက်နွယ် မျက်နှာရှုံ့သွားရရင်း ...
"ဆရာလို့မခေါ်ပါနဲ့ဆို၊လာဦးဒီနားကို""ဟုတ်ကဲ့"
မောင်ပြူးကသူထပ်ခေါ်ထားတဲ့ အလုပ်သမားအသစ်ကလေး။မျက်ပေါက်မှေးမှေး၊အရပ်လေးပျတ်ပျတ်နဲ့ ဆယ့်ခြောက် ဆယ့်ခွန် ပတ်ဝန်းကျင်လူငယ်လေးဖြစ်ပြီး ကြိုးစားလိုစိတ်နဲ့ကျိုးနွံမှုအပြည့်ရှိတာမို့ အလုပ်လုပ်ရာမှာ စိတ်တိုင်းကျရသူ။ပြဿနာတစ်ခုက သူ့ကို 'ဆရာ၊ဆရာ' နဲ့ခေါ်နေတာ။
"ကျွန်တော်ရောက်ပါပြီ ဆရာ"
"အေးအေး...ရော့ ဒီစာကို တရုတ်ကျောင်းလမ်းက ပွဲရုံကိုသွားပေးပေး၊ပစ္စည်းအမှာစာရွက်သိလား၊ဒီနေ့ညနေ အပြီးလာချပေးနိုင်မလားလို့၊ပြီးတော့ ဒါကိုကျတော့ ကမ်းနားလမ်းက မြင့်ပွဲရုံကို...သူ့ကိုလဲညနေဒါမှမဟုတ် မနက်ဖြန်မနက်ပစ္စည်းလာချပေးပါလို့ သိလား"
"ဟုတ်ကဲ့ဆရာ.."
"မှတ်မိလား...ပိုအဆင်ပြေအောင် ကျွန်တော်စာအိတ်ပေါ်မှာ ပွဲရုံနာမည်လေးတွေရေးပေးလိုက်မယ် ပေး"
"ဟုတ်ကဲ့"
ထိုက်နွယ် စာအိတ်အညိုရောင်လေးတွေပေါ်မှာ ပွဲရုံနာမည်နှစ်ခုကို ဘောလ်ပင်နဲ့ခပ်ဖိဖိလေးရေးလိုက်တယ်။ပြီးတော့ ရှပ်အင်္ကျီအိပ်ကပ်ထဲက အပြာနုရောင် စာအိတ်လေးကိုထုတ်လိုက်ပြီး...
"မောင်ပြူး..ဒီအပြာရောင်စာအိတ်လေးကိုက ထုံးစံအတိုင်း "
"ဟုတ်ကဲ့ ဆရာပိုင်စိုး ဆီကို"
![](https://img.wattpad.com/cover/325683650-288-k617218.jpg)
BINABASA MO ANG
နားနဲ့မနာ၊ဖဝါးနဲ့မနာ...နှလုံးသားနဲ့နာတော်မူပါ...(ongoing)
Romanceသို့/ နွယ်ရေ...နားနဲ့မနာ ဖဝါးနဲ့မနာ..နှလုံးသားနဲ့သာနာတော်မူပါ။နွယ့်အပေါ်ကို တဏှာတစ်ဖက် သဒ္ဒါတစ်ဖက် နဲ့လှေနံနှစ်ဖက်နင်းမိပါပြီ။နွယ့်အပေါ်ကို ချစ်ကြိုက်တာအပြင် မြတ်နိုးတာပါဆင့်နေမိပြီမို့ အခုရည်းစားစာခေါ် ပိယပဏ္ဏကို ရေးလိုက်ရပါတယ်။