အပိုင်း(၁၀)

165 4 0
                                    

နှလုံးသားနဲ့နာတော်မူပါ:အပိုင်း(၁၀)ပိုင်စိုးနဲ့ထိုက်နွယ်ရဲ့ဆက်ဆံရေးကဘာလဲ. . .

"ပိုင်စိုး!မင်းယောက်ျားမဟုတ်ဘူးလား"

"ဟမ်!ခင်ဗျား ကျွန်တော့်ကို အပြင်ခေါ်ထုတ်လာတာ အဲ့တာမေးဖို့လား"

"အေး ဟုတ်တယ်"

"ဘယ်လိုကြောင့် ခင်ဗျားက.."

ပိုင်စိုးနားမလည်နိုင်။သူက သူ့နွယ်လေးရဲ့ဘေးမှာ စကားလေးနားထောင်ပြီးအသာအယာလိမ်လိမ်မာမာလေးထိုင်နေတာကို  ကိုကျော်သန်းက နှာဘူးကြီးများ သူငယ်မလေးတွေကိုဂေါ် သလိုမျိုးမျက်ရိပ်မျက်ကဲတွေ မျက်စမျက်နတွေ သေမလိုပြခေါ်တယ်။အဲ့လိုနဲ့ သူအပြင်ရောက်လာတော့ မေးတဲ့မေးခွန်းက 'မင်း ယောက်ျားမဟုတ်ဘူးလားတဲ့!'

ဘာတွေလဲ!!

ပိုင်စိုးခေါင်းကုတ်လိုက်ရင်း..
"ပြဿနာပဲ...အဲ့ကိစ္စက ခင်ဗျားကိုကျွန်တော်ဘယ်လိုပြန်ဖြေရမလဲတောင်မသိဘူး ကိုကျော်သန်းရေ"

"ယောက်ျားလိုပဲပြန်ဖြေပေါ့ကွ!"

ပိုင်စိုးရယ်ချင်သွားရတယ်။သူလဲယောက်ျားလိုပဲဖြေနေတာပဲကို ဒါ့ထက်ဘယ်လိုယောက်ျားဆန်ပေးရမလဲ။'ကျုပ်ယောက်ျားဟုတ်မဟုတ်သိချင်ရင် ခင်ဗျားညီမနဲ့ပေးအိပ်လိုက်'တို့ဘာတို့လို ညစ်တီးညစ်ပတ်လဲမပြောချင်ဘူး။သူတို့ညီမနဲ့ မအိပ်ချင်တာလဲပါတာပေါ့...သူအိပ်ချင်​တာကအခြားတစ်ယောက်။ထားပါဒါက။

ပိုင်စိုးရယ်ကလဲရယ်ချင် ကိုကျော်သန်းကိုလဲအမြင်ကတ်တာမို့ နှုတ်ခမ်းကိုစု အသံကိုတမင်သြသြကြီးလုပ်ပြီး...

"ဝုတ်ဒယ်!ဂျွန်ဒေါ်ယောက်ျား ဇစ်ဇစ်..ဂိုဂျော်သန်း ဂျေနပ်ဘီလား"

သူ့စကားဆုံးတာနဲ့ ကျော်သန်းရဲ့ပွယောင်းယောင်းနှာခေါင်းကဒေါသကြောင့် ပိုပွတက်လာပြီး ခပ်ကြိတ်ကြိတ်အသံနဲ့...
"ဟိတ်ကောင်!မင်း..သေချင်ပြီလား!"

ပိုင်စိုးမနေနိုင်တော့ပဲ ခြံစည်းရိုးကိုမှီလို့ ရယ်မိတော့တယ်။
"မသေချင်သေးပါဘူးဗျာ..ခုမှငယ်ငယ်လေးရှိသေးတာ၊ခင်ဗျားတောင် အခုအရွယ်ရောက်နေပြီ သေချင်သေးလို့လား"

နားနဲ့မနာ၊ဖဝါးနဲ့မနာ...နှလုံးသားနဲ့နာတော်မူပါ...(ongoing)Where stories live. Discover now