နှလုံးသားနဲ့နာတော်မူပါ:အပိုင်း(၁၃)"နွယ်ကြိုက်သလောက်သာထိုးပါ...ကျွန်တော်ရဲရဲကြီးအထိုးခံရဲတယ်"
"ကိုကိုရေ...ဧည့်သည်လာတယ်ဟေ့!လာဆင်းကြည့်ဦး"
အော်သံနဲ့မရှေးမနှောင်းမှာပဲ လှေကားကိုတဒုန်းဒုန်းနင်းတက်လာသံကြားရပြီး သူ့အခန်းတံခါးကိုတဒေါက်ဒေါက်လာခေါက်တယ်။
"ကိုကိုရေ...ဧည့်သည်လာပါတယ်ဆို!"
"အေး လာမယ်.."
ထိုက်နွယ်ဖြစ်သလိုပြန်ဖြေရင်း ဘာရယ်မဟုတ် ထုတ်ကြည့်နေမိပြန်တဲ့ညမွှေးပန်းခိုင်လေးကို ခေါင်းအုံးပေါ်ကစာအုပ်ကြားထဲသေသေချာချာပြန်ညှပ်လိုက်တယ်။ပန်းခိုင်လေးတောင်ခြောက်စပြုခဲ့ပြီ။ပေးသွားတဲ့လူနဲ့လဲ မတွေ့ဖြစ်တာ ရက်ပိုင်းလောက်ကြာခဲ့ပြီ။
စာအုပ်ကို ခေါင်းအုံးအောက်မှာသေသေချာချာထားခဲ့ပြီးမှ ထိုက်နွယ်အခန်းတံခါးကိုဖွင့်လိုက်တယ်။အခန်းအပြင်ကယဥ်ယဥ်ကတော့ပျော်ရွှင်ပြီး စိတ်လှုပ်ရှားစွာနဲ့ရွစိရွစိရပ်နေတယ်။
"ဘယ်သူမို့လို့လဲ အသဲအသန်"
"လာပါ...မြန်မြန်!"
ယဥ်ယဥ်ကသူ့လက်ကိုဆွဲပြီးအိမ်အောက်ထပ်ကို တဒုန်းဒုန်းပြန်ပြေးဆင်းတယ်။
"တယ်...ဒီကောင်မလေး ခြေသံက...အိမ်ပြိုမယ်ဟဲ့!"
ကြီးကြီးကသူ့အိမ်အခိုင်အခန့်ကြီးကိုမော့ကြည့်ရင်း စိုးရိမ်တကြီးပြောတယ်။
"ငါကသေခါနီးနေပြီ...မရိုသေရင် ကျန်ခဲ့တဲ့နင်တို့တွေပဲ အိမ်အစုတ်ကြီးနဲ့ကျန်ခဲ့ရမှာ...ဟဲ့ကြားလား မိယဥ်ယဥ်!"
ယဥ်ယဥ်ကတော့ အောက်ထပ်ကကြီးကြီးဘယ်လောက်အော်အော် ခြေသံကိုလျှော့ဖို့စိတ်ကူးမရှိ။ထိုက်နွယ်သူ့ညီမကိုသူ တော်တော်လေးကိုနားမလည်ဖြစ်လာတယ်။ဧည့်သည်ကဘယ်သူမို့ ဒီလောက်ကြီးထိ....သူ့အတွေးအဆုံးမှာ အောက်ဆုံးလှေကားထစ်ကိုရောက်သွားခဲ့ပြီ။
"မမ!"
သက်ထားနွယ်က အပြုံးအေးအေးလေးနဲ့သူတို့မောင်နှမကိုကြည့်နေတယ်။ထိုက်နွယ် ဝမ်းသာဝမ်းနည်းကြီးဖြစ်သွားရပြီး သူ့မမရဲ့အနားကို ချက်ချင်းဆိုသလိုရောက်သွားတယ်။
YOU ARE READING
နားနဲ့မနာ၊ဖဝါးနဲ့မနာ...နှလုံးသားနဲ့နာတော်မူပါ...(ongoing)
Romanceသို့/ နွယ်ရေ...နားနဲ့မနာ ဖဝါးနဲ့မနာ..နှလုံးသားနဲ့သာနာတော်မူပါ။နွယ့်အပေါ်ကို တဏှာတစ်ဖက် သဒ္ဒါတစ်ဖက် နဲ့လှေနံနှစ်ဖက်နင်းမိပါပြီ။နွယ့်အပေါ်ကို ချစ်ကြိုက်တာအပြင် မြတ်နိုးတာပါဆင့်နေမိပြီမို့ အခုရည်းစားစာခေါ် ပိယပဏ္ဏကို ရေးလိုက်ရပါတယ်။