အပိုင်း(၃၀)

195 31 0
                                    


အပိုင်း(၃၀)
"မင်းနှလုံးရောဂါများရှိနေလားပိုင်စိုး၊နှလုံးခုန်မြန်နေချက်က သာမာန်မဟုတ်ဘူး"

နေဝင်သွားပြီ။ပတ်ဝန်းကျင်မှာ နေရောင်ဆိုပြီး ပျပျလေးသာမြင်ရတော့တဲ့ ညီအစ်ကိုမသိတစ်သိအချိန်က သူတို့ သက်မတစ်ချက်ချလို့မပြီးသေးခင်မှာပဲရောက်လို့လာတယ်။လူသံသူသံတွေကတော့အပြောင်းအလဲမရှိဆူညံလို့နေတယ်။စောစောကအထိ ဇောတွေ၊ပူပင်စိတ်တွေ၊စိုးရိမ်စိတ်တွေအပြည့်ဖြစ်နေခဲ့တဲ့နေရာမှာ အခုတော့ နိုင်သူတို့ရဲ့အောင်ပွဲခံသံကျယ်ကျယ်နဲ့ ရှုံးသူတို့ရဲ့ အားမလိုအားမရ တက်ခေါက်သံသဲ့သဲ့တို့ကိုပြောင်းလဲပြီးကြားနေရပြီ။

ပြိုင်ပွဲဆိုတာကတော့ အဲ့ဒါပဲ။နိုင်တဲ့သူက ပြုံးပြီး ရှုံးသူကတော့ ငိုရတဲ့ပွဲ။နိုင်သူက ပြန်တွေးတိုင်းပြုံးမိရတဲ့ အမှတ်တရကိုရပေမဲ့ ရှုံးသူက ပြန်ကိုမတွေးမိချင်ရတဲ့အမှတ်တရကိုဖန်တီးပေးတဲ့အရာ။

အရာအားလုံးကတော့ တဒင်္ဂပါပဲ။ဒါပေမဲ့ အဲ့ဒီ တဒင်္ဂမှာ နိုင်ဖို့ကိုပဲ ကြိုးစားကြရတာ။

ပိုင်စိုးကတော့ ပတ်ဝန်းကျင်ကို တစ်ခဏလေးလစ်လျုရှုပြီးကြယ်အပြည့်နဲ့ကြည်လင်နေတဲ့ကောင်းကင်ကိုမျက်နှာမူလို့  ဆောင်းငွေ့ရောလာပြီဖြစ်တဲ့လေအေးအေးလေးကို အဆုတ်ထဲထိရောက်အောင်ရှိုက်ရှုလိုက်တယ်။နှင်းငွေ့ရိုက်ထားတဲ့ မြက်ဖျာကချွေးတွေနဲ့အေးနေတဲ့ သူ့ကျောပြင်ကို ပိုလို့အေးစိမ့်သွားစေတယ်။ပိုင်စိုးမျက်လုံးအစုံကိုမှိတ်ချလို့ တင်းခံထားတဲ့ စိတ်ကိုလျှော့ချလိုက်တယ်။စိတ်တည်ငြိမ်သွားချိန်မှာ ခံစားချက်ကတစ်ခုချင်းစီပိုပြီးပီပြင်လာတယ်။သူရင်ခုန်နေတယ်။သူ့နှလုံးသားထဲမှာ အပျော်တွေနဲ့ပြည့်နေတယ်။ဂုဏ်ယူဝံ့ကြွားမှုတွေပြည့်နေတယ်။သူ့နားပတ်ပတ်လည်လည်မှာတော့  ပျော်ရွှင်အောင်ပွဲခံသံတွေ ပျံ့လွင့်နေတယ်။

ဟုတ်တယ်...သူတို့အဖွဲ့က ပန်းပဲတန်းကို ၃မှတ်အသာ၊လယ်တီကွင်းကို ၁မှတ်အသာနဲ့ ပထမရတယ်။

သူပထမမရဖူးဘူးလားလို့မေးခဲ့ရင်တော့ သူရယ်မိလိမ့်မယ်။သူ့လောက် ပထမဆိုတဲ့ဒိုင်းဆုတွေ အသိအမှတ်ပြုကတ်ပြားတွေပေါတဲ့ကောင်ဒီဘဒ္ဒကမ္ဘာမှာရှိပါ့မလားတောင်မသိဘူး။သူအရင့်အရင်ရခဲ့ဖူးတဲ့ ပထမဆိုတာတွေက ဖန်တီးပေးထားတဲ့အရာ၊လုပ်ယူထားတဲ့အရာ။အတန်းထဲမှာ အဆင့်တစ်ရပေမဲ့ သူထူးမပျော်ခဲ့ဖူးဘူး။သူ့အမေဝယ်လာပေးတဲ့ သူ့စာကြည့်စားပွဲပေါ်ကစာမေးပွဲမေးခွန်းကြီးက သူ့ကိုလိပ်ပြာလုံလုံမပျော်စေခဲ့ဘူး။သူပထမရဖူးတဲ့ စန္ဒယားပြိုင်ပွဲမှာလဲ သူမပျော်ပြန်ဘူး။သူ့အမေရဲ့အသိဖြစ်နေပြန်တဲ့ဒိုင်လူကြီးတွေက သူ့ရဲ့အပျော်စိတ်တွေကို ချိုးနှိမ်ပစ်လိုက်ပြန်တယ်။

နားနဲ့မနာ၊ဖဝါးနဲ့မနာ...နှလုံးသားနဲ့နာတော်မူပါ...(ongoing)Where stories live. Discover now