အပိုင်း(၈)"မင်းကသူပြောသလို လူဟုတ်မဟုတ်ငါအရင်ကြည့်ကြည့်မယ်လေ"

591 90 9
                                    

☃️☃️ဟေး...အားလုံးပဲ မယ်ရီခရစ်စမတ်ပါ...ခရစ်စမက်လက်ဆောင်အနေနဲ့ အပိုင်းသစ်လေးတင်ပေးလိုက်ပါတယ်နော်...ချစ်တယ်မလား😆😆..



နှလုံးသားနဲ့နာတော်မူပါ:အပိုင်း(၈)"မင်းကသူပြောသလို လူဟုတ်မဟုတ်ငါအရင်ကြည့်ကြည့်မယ်လေ"

"ငါတော့တော်တော်ကြောက်သွားပြီဟေ့"

ဖိုးညိုက မျက်နှာကချွေးကိုလက်မောင်းနဲ့ပင့်သုတ်ပြီး ခွေးခြေမှာ အရုပ်ကြိုးပြတ်ထိုင်ချလိုက်ရင်းပြောလိုက်တော့ ဇင်ကိုက နောက်ကနေမဆိုင်းမတွထောက်ခံတယ်။

"ဟုတ်ပါ့..ငါရော ကူညီရတာနဲ့ငါတို့ပြန်ခံရတာမတန်ဘူး...ဟိုဆရာကြီးနှစ်ယောက်ပဲကောင်းတယ်"

ဟုတ်တော့ဟုတ်တယ်...သူတို့ရဲ့ဂန္တဝင်တွင်တဲ့ ပွဲကြီးပွဲကောင်းက စင်းလုံးချောမဟုတ်တောင် ရယ်ရယ်မောမောပြီးသွားခဲ့ပေမဲ့ အကြောင်းကိစ္စတော်တော်များများမှာ နောက်ဆက်တွဲဆိုတာရှိစမြဲ။သူတို့ရဲ့နောက်ဆက်တွဲကိစ္စကတော့ ဘယ်သူမပြုမိမိမှုပါပေ။သူများသမီးရည်းစားကို စေတနာရေစီးကမ်းပြိုလိုက်မိတဲ့ သူတို့အုပ်စုကတော့အိမ်ကလူကြီးမိဘတွေရဲ့ မတရားဖိနှိပ်ခြင်းကိုခံရတဲ့အပြင် ပန်းပဲတန်းရပ်ကွက်နဲ့ဆက်ဆံရေးမှာတော့ ပြောမနေပါနဲ့တော့။

အစကတည်းကမကောင်းရတဲ့အထဲ..လုံးဝကိုပျက်စီးသွားခဲ့တာ...။

ချောချောရဲ့အစ်ကို'ရင်မှာဘုရား လက်မှာဓါး' နှစ်ယောက်ကတော့ သူတို့အုပ်စုကို 'တွေ့ရာသင်္ချိုင်းဓါးမဆိုင်း' လို့ကျိန်းဝါးထားတာမို့  သူတို့မှာ ကျော်သန်းသန်းကျော် ညီအစ်ကိုနှစ်ယောက်ရဲ့ အမွှေးမြင်တာနဲ့ကို ပတ်ပြေးနေရတော့တယ်။ပတ်ပြေးတဲ့အထဲမှာတော့ ဆရာကြီးနှစ်ယောက်ဖြစ်တဲ့ ပိုင်စိုးနဲ့ထိုက်နွယ်မပါ။

ကိုတိုးကြီးက သက်ပြင်းကိုချရင်း...
"သူတို့နှစ်ယောက်ကတော့ ပြောမနေပါနဲ့တော့...ပိုင်စိုးဦးလေး လေးမြင့်စိုးဆို ဘာပြောတယ်မှတ်လဲ"

အကြောင်းစုံကို သိသွားတုန်းက လေးမြင့်စိုးက အခြားမိဘတွေနည်းတူ ပိုင်စိုးကိုဆူပူကြိမ်းမောင်းခြင်းမပြုလုပ်တဲ့အပြင် ပိုင်စိုးရဲ့ပုခုံးကို အားရပါးရဖျစ်လို့ အသံဝါကြီးနဲ့တဟားဟားရယ်ရင်း...
"ကောင်းတယ်...မင်းတို့ခိုးပေးတာကောင်းတယ်...အခုမှသူတို့အသဲပေါက်နေတာ ငါတို့ရပ်ကွက်သူကိုခိုးသွားတုန်းက သောက်ပါးစပ်တွေက ပြဲလန်လို့...ဟိုဗဟုဂံကျော်ကျော့်အမေက ငါတို့ရပ်ကွက်သူလေ"

နားနဲ့မနာ၊ဖဝါးနဲ့မနာ...နှလုံးသားနဲ့နာတော်မူပါ...(ongoing)Where stories live. Discover now