နှလုံးသားနဲ့နာတော်မူပါ:အပိုင်း(၃)ကိုတိုးကြီး ခင်ဗျားထင်နေသလိုမဟုတ်ဘူး
"ဟာ!ပိုင်စိုး ငါ့ညီလာပြီ...လာပါဟမြန်မြန်...ဒီကမင့်ကိုကြီးက ချစ်ညီလေးအတွက် ညီလေးအကြိုက်ပေါ့ဆိမ့်လေးမှာပေးထားတယ်"
ပိုင်စိုးကိုမြင်တာနဲ့ ကိုတိုးကြီးက ပျာပျာသလဲအော်ကြိုတယ်။ပျာပျာသလဲမှတကယ့်ကိုပျာပျာသလဲနော်...ဖြစ်နိုင်ရင် သူကထိုင်နေတဲ့နေရာကနေထပြီး သူတို့ဆီကိုလမ်းလျှောက်လာနေတဲ့ ပိုင်စိုးကိုချီမပြီးကိုခေါ်ချင်တဲ့ပုံ။ဒါပေမဲ့ ပိုင်စိုးက အဲ့အသံကြားပြီးမှ ခြေလှမ်းတွေကို ပိုနှေးချပစ်လိုက်တယ်။
ပိုင်စိုးကတော့ သူ့ဝသီအတိုင်းအေးဆေးပဲ...သူ့မှာကမွေးရာပါညစ်တစ်တစ်စိတ်လေးရှိတယ်။ဘယ်လိုလဲဆို သူများကတအားလောနေပြီဆို သူကတမင်အေးအေးဆေးဆေးလုပ်တတ်တာမျိုး။သူတစ်ပါးနဲ့ သေးသေးလေးဖြစ်ဖြစ် သဘောထားကွဲလွဲလိုက်ရမှ၊သူတစ်ပါးနဲ့ နည်းနည်းလေးဖြစ်ဖြစ် ကပ်သပ်ပြောလိုက်ရမှ ဆိုတဲ့ ချစ်စဖွယ်အကျင့်လေးတွေပိုင်ဆိုင်ထားတယ်။
အဲ့တာလေးတွေဖယ်လိုက်ရင်လဲ ပိုင်စိုးကချစ်စရာကောင်လေးဖြစ်သွားမယ်မထင်ပါနဲ့။ချောတောမောတောလေးပေမဲ့ အဲ့မျက်နှာလေးက မှုန်တေတေမို့ ပိုင်စိုးကိုအကြောင်းသိတဲ့လူတွေကလွဲလို့ ဘယ်သူမှအမြင်မကြည်ကြဘူး ။ဒါပေမဲ့လဲ အဲ့အတွက်ကို ပိုင်စိုးတို့က စိတ်ညစ်နေမယ်မထင်နဲ့။သူကစကားပြောရသက်သာတယ်ဆိုပြီး ဝမ်းတောင်သာနေရှာတာ။
အခုလဲ တမင်နှေးလျှောက်နေတာတွေ့ရတော့ ကိုတိုးကြီးက လောကွတ်ပြုမိတဲ့ သူ့နှုတ်ခမ်းသူနာနာရိုက်ပြီးနောင်တရနေတာတွေ့လိုက်ရတယ်။ဘေးက တစ်ဝိုင်းထဲထိုင်နေတဲ့ ချစ်ညို(ခ)ဖိုးညိုနဲ့ အောင်ဇင်ကို(ခ)ဇင်ကို တို့ကတော့ အကြောင်းသိအချင်းချင်းမို့ ရယ်ကျဲကျဲနဲ့ထိုင်နေကြတယ်။
ပိုင်စိုး လက်ဖက်ရည်ဝိုင်းကိုရောက်ပြီး ခွေးခြေကိုဆွဲပြီး ထိုင်လိုက်တဲ့အချိန်အထိ ကိုတိုးကြီးခဗျာ ဘာမှမပြောရဲသေးဘူး။မတော်လို့ သူမှာထားတဲ့ လက်ဖက်ရည်တော့ အကုန်အုပ်သွားပြီး သူသိချင်တာကိုမပြောသွားရင် တိုးချစ်တော့သွားပြီလေ။
YOU ARE READING
နားနဲ့မနာ၊ဖဝါးနဲ့မနာ...နှလုံးသားနဲ့နာတော်မူပါ...(ongoing)
Romanceသို့/ နွယ်ရေ...နားနဲ့မနာ ဖဝါးနဲ့မနာ..နှလုံးသားနဲ့သာနာတော်မူပါ။နွယ့်အပေါ်ကို တဏှာတစ်ဖက် သဒ္ဒါတစ်ဖက် နဲ့လှေနံနှစ်ဖက်နင်းမိပါပြီ။နွယ့်အပေါ်ကို ချစ်ကြိုက်တာအပြင် မြတ်နိုးတာပါဆင့်နေမိပြီမို့ အခုရည်းစားစာခေါ် ပိယပဏ္ဏကို ရေးလိုက်ရပါတယ်။