နှလုံးသားနဲ့နာတော်မူပါ:အပိုင်း(၁၁)ပိုင်စိုးကြောင့်လား ညမွှေးပန်းအနံ့ကြောင့်လား...
ဖင်တစ်လှည့်ခေါင်းတစ်လှည့်နဲ့ပဲ သူတို့ကင်းတဲစောင့်ရတဲ့နေ့ကရောက်လို့လာပြန်တယ်။ရပ်ကွက်လူကြီးကတော့ သူတို့ဆီကို တကူးတကကိုလာပြီး ပြဿနာမရှာဖို့အတန်တန်မှာရှာတယ်။
"မင်းတို့ ဒီညမိန်းမခိုးဖို့အစီအစဥ်ရှိကြသေးလား"
"ဟင့်အင်း မိန်းမခိုးဖို့တော့ အစီအစဥ်မရှိသေးပါဘူး"
"တကယ်နော်..."
ရပ်ကွက်လူကြီးက မယုံသလိုလိုမျက်နှာပေးနဲ့ကြည့်လာတာမို့ စိတ်ချအောင်ထပ်ပြောလိုက်တယ်။
"သြော်..ကဲ စိတ်ချမိန်းမမခိုးဘူး ""ပြီးတာပဲ..ဒါနဲ့ ဒီညမင်းတို့နှစ်ယောက်ထဲလား ချစ်ညိုနဲ့ဇင်ကိုရော"
"လာမှာ လာမှာ...သူတို့ပစ္စည်းကျန်ခဲ့လို့သွားယူနေလို့"
"အေးအေး အဲ့ဒါဆိုငါသွားမယ် မင်းတို့တကယ်မိန်းမမခိုးဘူးနော်"
"စိတ်ချ!မိန်းမလုံးဝမခိုးဘူး"
ပိုင်စိုးအသေအချာကိုလေးလေးနက်နက်ပြောလိုက်တယ်။သူပြောလိုက်တာလဲ အမှန်တကယ်ပဲလေ...သူတို့ဒီညအဖို့ ဘယ်မိန်းမကိုမှခိုးဖို့အစီအစဥ်မရှိဘူး။ခိုးစရာလဲမရှိဘူး။သူတို့ရဲ့ဒီညအစီအစဥ်က မိန်းမခိုးဖို့မဟုတ်ဘဲ သဘောကျရတဲ့ကောင်မလေးရဲ့အိမ်ရှေ့မှာ သံစုံဟစ်ကြွေးဖို့ဆိုတာကိုတော့ ရပ်ကွက်လူကြီးကိုမပြောပြလိုက်တော့ဘူး။
ရပ်ကွက်လူကြီးထွက်သွားပြီး သိပ်မကြာဘူး ဖိုးညိုနဲ့ဇင်ကိုက ဂစ်တာကြီးပိုက်လို့ရောက်လာတယ်။ဇင်ကိုက ဂစ်တာကိုပိုင်စိုးလက်ထဲထည့်ရင်း...
"ဘယ်လိုဖြစ်လို့ ကုန်းကြီးအထိ ဂစ်တာကိုသယ်သွားရတာလဲ""တီးဖို့ပေါ့"
"သြော် မင်းပြောမှလား"
ပိုင်စိုးနဲ့ဇင်ကိုရဲ့ကြားထဲကို ကိုတိုးကြီးက ကြားဖြတ်ဝင်လိုက်ပြီး...
"ကဲကဲ ရန်မဖြစ်ကြနဲ့ သာယာတဲ့ညချမ်းလေးမှာ ချစ်ခြင်းမေတ္တာတွေပဲမျှဝေကြရအောင်"
YOU ARE READING
နားနဲ့မနာ၊ဖဝါးနဲ့မနာ...နှလုံးသားနဲ့နာတော်မူပါ...(ongoing)
Romanceသို့/ နွယ်ရေ...နားနဲ့မနာ ဖဝါးနဲ့မနာ..နှလုံးသားနဲ့သာနာတော်မူပါ။နွယ့်အပေါ်ကို တဏှာတစ်ဖက် သဒ္ဒါတစ်ဖက် နဲ့လှေနံနှစ်ဖက်နင်းမိပါပြီ။နွယ့်အပေါ်ကို ချစ်ကြိုက်တာအပြင် မြတ်နိုးတာပါဆင့်နေမိပြီမို့ အခုရည်းစားစာခေါ် ပိယပဏ္ဏကို ရေးလိုက်ရပါတယ်။