အပိုင်း(၂၀)ငါကမင်းအတွက်ဘယ်လိုလူမျိုးလဲ

429 73 5
                                    

အပိုင်း(၂၀)
ငါကမင်းအတွက်ဘယ်လိုလူမျိုးလဲ

ပိုင်စိုးမှာ စူးခနဲနာကျင်သွားတဲ့လည်ပင်းကိုလက်နဲ့အုပ်ကိုင်ရင်း၊ဘေးဘီဝဲယာကိုလဲ မလုံမလဲအကဲခတ်ရင်း ဘယ်သူမှမရှိခါမှစိတ်အေးသွားရပြီး သူ့အဖြစ်ကိုလဲသူရယ်ရခက်ငိုရခက်ဖြစ်သွားရတယ်။နွယ်ကတော့ သူကိုက်ဖို့ထိုးပေးထားတဲ့လက်ဖျံကိုဆုပ်ကိုင်ထားပြီး သူ့ပုခုံးကြားမှာခေါင်းဝှက်လို့ရယ်နေတယ်။သူလဲလိုက်ပဲရယ်ရတော့မလို ရဲရဲတင်းတင်းနဲ့လည်ပင်းကိုလာကိုက်သွားတဲ့ နွယ့်ကိုပဲ အံ့ြသရတော့မလိုနဲ့ဖြစ်နေရတယ်။

နွယ်က သူ့ရဲ့တောင့်တောင့်တင်းတင်းပုံစံကြီးကိုကြည့်ပြီး ရယ်ရင်းနဲ့ပဲမေးလာတယ်။

"နာသွားလား..."

"နာသွားတယ်...ဒါပေမဲ့ နာတာထက် အရာကြီးထင်သွားလားနွယ် ကြည့်ပါဦး!.."

"ပြ!.."

ပိုင်စိုးက နာနာခံခံလေးပဲ ကိုယ်ကိုတိမ်းလို့ သူ့လည်ပင်းကိုထိုက်နွယ့်နားကိုကပ်ပြတယ်။

"သိပ်တော့မမြင်ရဘူး...ဒါပေမဲ့"

"ဒါပေမဲ့ ဘာဖြစ်လဲ"

"မင်း ကြယ်သီးလေးတစ်လုံး၊နှစ်လုံးလောက်ဖြုတ်ကြည့်ပါလား"

ပိုင်စိုးကခေါင်းလေးညိတ်ပြီး ကြယ်သီးဖြုတ်ပေးတယ်။ကြယ်သီးဖြုတ်လိုက်တော့ အင်္ကျီလည်ပင်းက အလိုအလျောက်ပိုဟသွားပြီး သူ့သွားရာကြီးထင်းနေတဲ့ လည်ပင်းကပေါ်လာတယ်။အကွင်းလိုက်လေးဖြစ်နေတဲ့သူ့သွားရာကိုကြည့်ပြီး ထိုက်နွယ်အူယားသွားရတာအမှန်ပဲ။

"ပိုင်စိုး"

"ဗျာ"

"မင်းခေါင်းလေးနည်းနည်းစောင်းလိုက်"

"ဗျာ...ဘာလုပ်မလို့လဲ"

"စောင်းဆိုစောင်းစမ်းပါ.."

"အင်းပါ အင်းပါ"

ပိုင်စိုးကဘုမသိဘမသိနဲ့ ခေါင်းလေးစောင်းပေးလာတယ်။သူ့ရှေ့ကစင်းကျနေတဲ့လည်ပင်းဖြူဖြူလေးက သူ့ကို'လာပါ ငါ့ကိုတစ်ကိုက်လောက် ကိုက်လှည့်ပါ' လို့ လက်ယပ်ပြီးခေါ်နေသလိုပဲ။ထိုက်နွယ်ရဲ့ ရင်ထဲမှာ ကလိကလိနဲ့ဖြစ်လာပြီး သူ့သွားတွေကလဲ ရွစိရွစိနဲ့ဖြစ်လာသလိုခံစားလာရတယ်။

နားနဲ့မနာ၊ဖဝါးနဲ့မနာ...နှလုံးသားနဲ့နာတော်မူပါ...(ongoing)Wo Geschichten leben. Entdecke jetzt