အပိုင်း(၉)နွယ်ကအဲ့လိုလူမျိုးလား...

539 81 11
                                    

နှလုံးသားနဲ့နာတော်မူပါ:အပိုင်း(၉)နွယ်ကအဲ့လိုလူမျိုးလား...စားပြီးနားမလည်လုပ်တတ်တဲ့လူမျိုးလား!

"အရူး!"

ထိုက်နွယ်ရေမျက်နှာပြင်မှာထင်နေတဲ့သူ့ကိုယ်သူကြည့်ပြီး ဆဲလိုက်တယ်။လိှုင်းကြပ်ခွပ်သေးသေးလေးတွေကြားထဲကသူ့ပုံရိပ်က ရိပ်တိပ်ရိပ်တိပ် လှုပ်တုပ်လှုပ်တုပ်ဖြစ်နေသလို သူ့ခံစားချက်တွေ သူ့ရင်ဘက်ထဲမှာဖြစ်နေတာတွေကလဲအဲ့လိုပဲ။တစ်ခုသောညနေက အဖြစ်အပျက်တွေက သူ့ခေါင်းထဲမှာစိုးမိုးလို့နေပြီး သူ့ရဲ့ခံစားချက်တွေကို ခဲထိသွားတဲ့ရေမျက်နှာပြင်လိုမျိုး လှုပ်တုပ်လှုပ်တုပ်ဖြစ်နေစေတယ်။

ထိုက်နွယ်အတွေးစကိုဖြတ်တောက်လို့ စက်သီးကြိုးကိုလက်ထဲကနေလျောချလိုက်ပြီး ရေပုံးကိုရေတွင်းထဲကိုပစ်ချလိုက်တယ်။'ဖြန်း'ဆိုတဲ့ ရေပုံးနဲ့ရေထိခတ်သံအတူ ရေမျက်နှာပြင်ကပုံရိပ်တွေကလှုပ်ခတ်ပြီးပျောက်သွားတယ်။ရေပုံးထဲကိုရေအပြည့်ထည့်လို့ဆွဲတင်ပြီးသူ့ရဲ့ထွေထွေပြားပြားဖြစ်နေတဲ့စိတ်တွေကို လွတ်ထွက်မသွားစေဖို့ကြိုးစားနေရတယ်။

ရေပုံးကိုဆွဲတင်တယ်..ရေတွင်းထဲပြန်ချတယ်..ပြန်ဆွဲတင်တယ်..ပြန်ချတယ် နဲ့အလုပ်များနေတဲ့အချိန်နားထဲကို ပျက်တီးပျက်ချော် လမ်းသရဲဆန်ဆန်ခေါ်သံကဝင်လာတယ်။

"ရွှတ်!ရွှတ်!...ရွှတ်.ရွှတ်...ဟေ့!ရွှတ်ရွှတ်...ရေဆွဲနေတဲ့ကောင်လေး..မာနကြီးပြီးမကြားချင်ယောင်ဆောင်နေတာလား"

ပိုင်စိုး!..
ထိုက်နွယ်စိတ်ထဲ လွင့်ခနဲဖြစ်သွားရရင်း ဆွဲလက်စရေပုံးကြီးတောင် လက်ထဲကနေကြိုးလျောသွားပြီး ရေတွင်းထဲပြန်ကျသွားတယ်။ထိုက်နွယ် အသံကြားရာကိုလှည့်ပတ်အကဲခတ်ကြည့်လိုက်တော့ ပိုင်စိုးကို သူတို့ခြံစည်းရိုးအပြင်ဘက်မှာတွေ့လိုက်ရတယ်။ပိုင်စိုးကသူ့ကိုအံဆုံးပေါ်တဲ့အထိရယ်ပြနေရင်း ခြံထဲကိုကျုးကျော်ဝင်ဖို့ အပင်တွေကြားထဲကိုတိုးဝင်လာနေတယ်။

သူတို့ဘေးခြံစည်းရိုးက ခြံစည်းရိုးရယ်လို့သတ်သတ်မှတ်မှတ် ဝါးရယ် အုတ်တံတိုင်းရယ်နဲ့ ကာထားတာမဟုတ်ပဲ ပန်းပင်တွေ၊သစ်ပင်တွေစီတန်းစိုက်ထားတာဖြစ်တယ်။အပြင်ပန်းကကြည့်ရင်တော့ ခြံစည်းရိုးလိုပဲဆိုပေမဲ့ အတင်းအဓမ္မဖြဲကွဲဝင်ရင်တော့ ခြံထဲကိုရောက်တယ်။

နားနဲ့မနာ၊ဖဝါးနဲ့မနာ...နှလုံးသားနဲ့နာတော်မူပါ...(ongoing)Where stories live. Discover now