"ဆိုတော့ ဒီလိုကိုး"

ကုဝူကျိက တွေးတောပြီးနောက်ပြောသည်။

"သာမန်လူတွေ ဒီနေရာကိုလာရင် သေချာပေါက် ကြောက်လွန်းလို့ သေချင်သွားလောက်မှာပဲ၊ အဲ့ဒီတော့ ဒီလိုသနားစရာကောင်းတဲ့အခြေအနေက ဖြစ်လာခဲ့တာပေါ့"

ချီယွန်ရှို့ကလည်း မြေပြင်ရှိ အုတ်ကျိုးအုတ်ပဲ့များကြားတွင် စတင်ကာ ရှာဖွေပြီးနောက် အိုဟောင်းနေသည့်အဖြူအမဲဓါတ်ပုံတစ်ပုံကို မြေပြင်မှ ကောက်ရလိုက်သည်။ ဒါက မိသားစုငါးယောက်၏ဓါတ်ပုံဖြစ်ပြီး လူအိုကြီးတစ်ယောက်၊ သက်လတ်ပိုင်းအရွယ်စုံတွဲတစ်တွဲနှင့် သားတစ်ယောက်၊ သမီးတစ်ယောက်တို့ပါသည်။

သမီးကမူ အခြားသူများနှင့်မရင်းနှီးသလိုမျိုးထင်ရပြီး သူမ၏ဝတ်စုံက အလွန်စုတ်ပြဲနေကာ အမူအရာကလည်း ကြောက်လန့်မှုအပြည့်ရှိနေသည်။ အနှစ်ချုပ်ဆိုရသော် အခြားလေးယောက်ကမှသာ မိသားစုနှင့်တူသည်။ သို့သော် သူတို့၏မျက်နှာတွင် စင်နေသောသွေးများက သူတို့၏အပြုံးများကို ပို၍ကျောချမ်းဖွယ် ကောင်းစေသည်။

ကူဝူကျိက အနားသို့လာပြီး တစ်ချက်ကြည့်သည်။ ထို့နောက် ဝမ်းနည်းဖွယ်ကောင်းသောပုံပြင်ကို အကြမ်းဖျင်းမြင်ရသလိုပင် ဖြစ်သွားသေးသည်။

ရုတ်တရက် ရေတစက်စက်ကျနေသောအသံမျိုးက ထွက်လာသည်။ ကျနေသောအရှိန်နှုန်းက မြန်သထက်မြန်လာပြီး အလောတလျင်လာသောခြေသံများ၊ အော်ဟစ်သံများက ထွက်ပေါ်လာသည်။ သူတို့နှစ်ယောက်လုံးက ထိုကိစ္စများဖြစ်ပျက်ခဲ့သည့် အချိန်ကာလတစ်ညသို့ ပြန်ရောက်သွားသလိုမျိုး ဖြစ်သွားသည်။

ထို့နောက် တစ်ခဏတွင် ကုဝူကျိခေါ်လာသည့် သရဲ၏ထိတ်လန့်တကြား အော်ဟစ်သံနှင့်အတူ ရုတ်တရက် တံခါးနားတွင် သက်လတ်ပိုင်းအရွယ်လူတစ်ယောက်၏ ခန္ဓာကိုယ်ကြီးက ပေါ်လာသည်။ သူ၏လက်က တံခါးကို ခပ်တင်းတင်းကိုင်ထား သေးသည်။

အခြားတစ်ဖက်တွင် ကြမ်းပြင်တွင်လဲနေသည့် အမျိုးသမီးတစ်ယောက်ကို မြင်လိုက်သည်။ သူမ၏နဖူးမှ သွေးများက တစက်စက်ကျနေသည်။ သူမ၏ဘေးတွင်မူ နှလုံးကို မီးဖိုချောင်သုံးဓါးဖြင့် အထိုးခံထားရသည့်သားဖြစ်သူရှိနေသည်။ သူကလည်း အံ့အားသင့်လွန်ပြီးသေနေပြန်သည်။ သူ့ကို အမြဲတမ်းချစ်မြတ်နိုးခဲ့သည့်မိခင်ဖြစ်သူက သူ့ကို ထိုသို့လုပ်လိမ့်မည်ဟု မမျှော်လင့်ထားလောက်ချေ။

နတ်ဆိုးအုပ်စုက ငါလေးကို ဖွင့်ပြောချင်နေတယ်Όπου ζουν οι ιστορίες. Ανακάλυψε τώρα