Extra

1.2K 105 29
                                    

Unicode

သူ ၊ ထင်နှင့် Whiteက ညနေတိုင်း စက်ဘီးစီးနေကျ ။ ရိုးရိုးစက်ဘီးထက်စာလျှင် ပြိုင်ဘီးက ပိုပြီးစီး၍ကောင်းသော်လည်း Whiteကိုပါတင်စီးမည်ဆိုပါက ပြိုင်ဘီးစီး၍မရပေ ။ ထို့အတွက်ကြောင့် သူတို့နှစ်ယောက်လုံး ရိုးရိုးစက်ဘီးစီးရန်ကိုသာ ရွေးချယ်ရတော့သည် ။

နှစ်ယောက်အတူစက်ဘီးစီးတိုင်း လူအများစု၏အကြည့်များမှာ ထင့်ဆီတွင်သာ ။ အချောအလှများလှသည့်နိုင်ငံတွင်ပင် ထင့်ချောမောမှုက ပေါ်လွင်ထင်ရှားနေဆဲ ။ သူကတော့ ထင့်ကို အခြားသူများကြည့်လျှင် သဘောကျစိတ်နှင့် မနာလိုစိတ်က တစ်ပြိုင်တည်းဖြစ်ပေါ်မြဲ ။ ထင့်ကို သူ ယုံကြည်ပါသည် ။ ထင်က သူမှလွဲပြီး အခြားသူများကိုချစ်မည်မဟုတ်သော်လည်း အခြားသူများကိုတော့ မယုံကြည်ပေ ။ မတော် ထင့်ကို ကားတင်ပြေးလျှင် အခက် ။

ထင် အဝတ်လဲနေသည်ကိုကြည့်နေရင်း အတွေးများမှာလည်း ဟိုရောက်သည်ရောက် ။ ကာကီရောင်ဘောင်းဘီနှင့် အဖြူရောင်တီရှပ်ကိုသာ ရိုးရိုးရှင်းရှင်းဝတ်ထားသည့် ထင်က သူ့မျက်လုံးထဲတွင်တော့ ထူးထူးကဲကဲကြည့်ကောင်းနေလျက် ။ လှိုင်းပါသည့် ထင့်ဆံပင်ထူထူအိအိလေးကို ထိကိုင်ချင်စိတ်ကြောင့် ထိုင်နေရာမှထရပ်ပြီး ထင်ရှိရာဆီသို့လျှောက်သွားလိုက်သည် ။

ဦးခေါင်းပေါ်ရောက်ရှိလာသည့် နူးညံ့သောအထိအတွေ့ကြောင့် နှုတ်ခမ်းတွန့်ရုံတစ်ချက်ပြုံးရင်း

" ကိုယ့်ဆံပင်တွေကိုအသည်းယားနေပြန်ပြီလား "

" အင်း ...ထင့်ဆံပင်လေးတွေကသိပ်ကိုင်လို့ကောင်းတာပဲ ၊ ကတ္တီပါသားကိုကိုင်နေရသလိုမျိုး အိထွေးနေတာပဲ "

ထင် မှန်ထဲတွင်အရိပ်ထင်နေသည့် ပေါင်ပေ့၏မျက်နှာကိုကြည့်လိုက်ပြီးမှ သဘောတကျရယ်မောမိ၏ ။ သူလည်းရယ်ရော ပေါင်ပေ့က ဘာရယ်တာလဲဆိုသည့်ပုံစံဖြင့် မျက်ခုံးပင့်ပြလာပြီးမှ သူ့ခါးကိုညင်ညင်သာသာဖက်လာလေသည် ။

" ဘာရယ်တာလဲ...ပြော "

" ပေါင်ပေ့က ကိုယ့်ဆံပင်ကို သဘောကျတယ်ဆိုလို့လေ ၊ ကဲ...ပြောပါအုံး...ဆံပင်ကိုပဲလား ...ကျန်တာတွေကော သဘောမကျဘူးလား "

You've reached the end of published parts.

⏰ Last updated: Dec 04, 2023 ⏰

Add this story to your Library to get notified about new parts!

My Green Forest ( Complete) Where stories live. Discover now