Episode (47)

1.9K 186 105
                                    

Unicode

မိုးခြိမ်းသံများမှာ ကြောက်စရာကောင်းအောင်ကျယ်လောင်နေကာ လျှပ်စီးတန်းများမှာလည်း လင်းလိုက် ၊ မှိန်လိုက် ။ မိုးတစ်ခါခြိမ်းတိုင်း သေးငယ်သောကိုယ်လုံးလေးမှာ တုန်ယင်သွားကာ ခန္ဓာကိုယ်အပေါ်၌ လွှမ်းခြုံထားသောစောင်ကိုသာ အားကိုးတကြီးဆုပ်ကိုင်ထားမိသည် ။

အနီးကပ်ချိန်ရွယ်ပြီးပစ်လိုက်ဟန်ဖြင့် အလွန်အမင်းကျယ်လောင်စွာထွက်ပေါ်လာသည့် မိုးခြိမ်းသံနှင့်အတူ

" ဘဘုန်းရေ "

ဆိုပြီး အားကိုးတကြီးထွက်လာသည့် ခေါ်သံလေးမှာ တုန်တုန်ယင်ယင် ။ မိုးကလည်း အားငယ်နေသူကိုမှ အငြိုးနှင့်တိုက်ခိုက်နေသကဲ့သို့ မရပ်မနားရွာသွန်းလျက်ရှိကာ မိုးခြိမ်းသံများကိုပါ အပိုလက်ဆောင်အနေဖြင့် ပေးအပ်ပြန်သည် ။

" ဒီမိုးကလဲ ဘာမှန်းမသိဘူး ၊ အခုထိကို ရွာနေတုန်း ပဲ "

" ဘဘုန်းကို သတိရတယ် ၊ အရှည်ကြီးတ်ို့ကိုလဲ သတိရတယ် ၊ တစ်ယောက်တည်းဆိုတော့ မိုးခြိမ်းသံကြီးက ကြောက်စရာကောင်းလိုက်တာ "

တိုးတိုးလေးထွက်လာသည့် အသံထဲတွင် လွမ်းဆွေးမှုများအပြည့် ။ ယခင်ကမိုးရွာလျှင် အတိုင်းမသိပျော်ခဲ့ဖူးကာ မိုးရွာထဲသို့ သူငယ်ချင်းများနှင့်အတူတူ ပြေးလွှားဆော့ကစားခဲ့သည်များကို ပြန်တွေးမိတော့ ငိုချင်စိတ်များမှာ လှိုက်ခနဲ ။ ​ဘဘုန်းက ကျောင်းဆောင်၏ပြတင်းပေါက်အနားတွင်ရပ်ကာ အအေးမိလိမ့်မည်ဟုလှမ်းပြောလျှင် သူတို့တစ်အုပ်စုလုံးမှာ ခဏတော့ မကြားဟန်ဆောင်ပြီး ဆက်ကစားမြဲ ။ သူတို့ကိုခေါ်မရလျှင် ဘဘုန်းက ခပ်ကြီးကြီးကြိမ်လုံးကို ဝေ့ယမ်းပြတတ်ပြီး ထိုကြိမ်လုံးကိုမြင်မှ သူတို့ကလည်း မိုးရေချိုးခြင်းကိုရပ်တန့်မြဲ ။ သို့သော်လည်း ဘဘုန်းက သူတို့ကို မည်သည့်အခါမှ မရိုက်နှက်တတ်ပေ ။

ညဘက်ဆိုလျှင်လည်း လူအများနှင့်စုအိပ်ရသဖြင့် ယခုကဲ့သို့ စိုးထိတ်မနေရပေ ။ ယခုကျတော့ အခန်းကျယ်ကြီးထဲတွင် သူတစ်ယောက်တည်းရှိနေကာ မည်သူတစ်ဦးတစ်ယောက်မှလည်း သူ့ကိုလာမကြည့် ။ ကြောက်ရွံ့မှုကြောင့် စောင်ကို တစ်ကိုယ်လုံးလုံအောင်ခြုံထားမိပြီး မျက်လုံးလေးများကိုသာဖော်ထားမိပြန်သည် ။ စောင်ခြုံထားသည့်တိုင် ထိတ်လန့်စိတ်မှာ ကြီးစိုးနေဆဲဖြစ်ပြီး အသက်ကိုလည်း တိုးတိုးလေးသာရှူနေမိ၏ ။

My Green Forest ( Complete) Where stories live. Discover now