Episode (9)

3.4K 389 79
                                    

Unicode

" စား...စား...တုတ်တုတ် ၊ ဖြည်းဖြည်းတော့စား...မဟုတ်ရင် မင်း နင်နေလိမ့်မယ် "

သူပြောသည့် စကားကို နားလည်ပုံဖြင့် အစာစားနေရာမှ မျက်နှာမော့ကြည့်ပြီး " ညောင် "ဟု အသံပြုသည့် တုတ်တုတ် ။

" မင်းရဲ့ကြောင်စာက သိပ်မကျန်တော့ဘူး တုတ်တုတ်ရ ၊ အင်း...ဒီနေ့ ညစာပဲ ကျန်တော့မယ် ထင်တယ် ၊ အော်ဒါပို့စရာရှိရင်လဲ ကောင်းမယ်... တစ်ခါတည်း လမ်းကြုံဝယ်လိုက်လို့ရတယ်လေ ၊ တကယ်လို့ အော်ဒါ မပို့ရရင်လဲ မင်း စိတ်မပူပါနဲ့ ၊ ညနေစောင်းလောက်ကျရင် မားကိုပြောပြီး ငါ သွားဝယ်ပေးမယ် သိလား "

" ညောင် "

" ငါ မရှိရင်တော့ မင်း ဒီဘက်ကို မလာနဲ့နော် ၊ ပါးနဲ့တွေ့ရင် မင်း မလွယ်ဘူး ၊ ပါးက မင်းကို သိပ်မကြည်ဘူးကွ "

" ညောင် "

" ငါလဲ တွေးတော့တွေးပါတယ်ကွာ ၊ မင်းအတွက် ကြောင်စာကို များများဝယ်ထားရင် ကောင်းမယ်လို့လေ ၊ ဒါပေမဲ့ တကယ်တမ်းကျတော့ အများကြီးဝယ်ဖို့ ငါလဲ မတတ်နိုင်ဘူး တုတ်တုတ်ရ ၊ ငါက တစ်နေ့မှ မုန့်ဖိုး နှစ်ထောင်ပဲရတာကွာ ၊ နှစ်ထောင်ဆိုတာကို မင်း နားလည်အောင်ပြောရမယ်ဆိုရင် မင်းစားတဲ့ ကြောင်စာ တစ်ထုပ်ဖိုးပေါ့ ၊ တစ်နေ့ နှစ်ထောင်ရတယ်ဆိုရင်... တစ်လဆို ဘယ်လောက်ရမလဲ မင်းသိလား "

" ညောင် "

" မင်းက သိချင်တာလား ၊ အဲဒါဆိုရင်လဲ ငါ ပြောပြမှာပေါ့ ၊ တစ်လမှာကွာ ရက်သုံးဆယ်ရှိတယ်လေ ၊ အဲဒီရက်သုံးဆယ်ကို နှစ်ထောင်နဲ့မြှောက်လိုက်ရင်... ခြောက်သောင်းရတယ် ၊ ခြောက်သောင်းဆိုတာက ပြောလို့သာ များသလိုမျိုး ထင်ရတာ ၊ တကယ်သုံးလိုက်ရင် ဘာမှ သုံးမရဘူးကွ ၊ ရတဲ့ခြောက်သောင်းထဲက မင်းအတွက် ကြောင်စာ ဝယ်ရတယ်ကွာ ၊ နောက်ပြီးတော့ ငါ ပန်းချီဆွဲရင် လိုအပ်တဲ့ ပစ္စည်းတွေကိုလဲ အဲဒီပိုက်ဆံထဲကပဲ ဝယ်ရတာ ၊ စာရွက်တွေရော...ခဲတံရော... ခဲဖျက်ရော... တခြားလိုအပ်တာတွေရော အများကြီးဝယ်ရတာ ၊ ကုန်စျေးနှုန်းကလဲ တက်သလား မမေးနဲ့ ၊ ဒီနေ့ မဝယ်ဘဲ မနက်ဖြန်မှ သွားဝယ်ရင်တောင် ဝုန်းခနဲ ခုန်တက်သွားပြီ "

My Green Forest ( Complete) Where stories live. Discover now