Episode (16)

2.7K 309 49
                                    

Unicode

ထင့်အတွက်တော့ ပေါင်ပေ့က
တကယ်ကို မလွယ်သည့် ချစ်စရာကောင်လေး ။

နံနက်ရှစ်နာရီမှ ညနေခြောက်နာရီထိ ထင့်အနားတွင် နေပေးရမည်ဆိုသော စကားကိုတော့ တိတိကျကျ လိုက်နာရှာသည် ။ နံနက်ဆိုလျှင် ရှစ်နာရီထိုးခါနီးမှ ရောက်လာတတ်၏ ။ ညနေခြောက်နာရီထိုးပြီဆိုလျှင်လည်း ကျောပိုးအိတ်ကိုရင်ခွင်ထဲထည့်ပြီး သုတ်ခြေတင်၍ အိမ်သို့ပြန်သည် ။

ယခုလည်း သက်ကောင်းလူ၏မျက်လုံးများက လက်ထဲရှိ ဖုန်းကိုသာ စူးစူးစိုက်စိုက်ကြည့်လျက် ။ ငါးနာရီ ငါးဆယ့်ကိုးမိနစ်မှ ခြောက်နာရီဆိုပြီး ပြောင်းလဲသွားသည်နှင့် ထိုင်နေရာမှ ခပ်မြန်မြန်ရပ်၍ ကျောပိုးအိတ်ကို ရင်ဘတ်တွင် လွယ်ပြီး အခန်းထောင့်တွင် ထောင်ထားသည့် ချာလီထီးကို သွားယူလေ၏ ။

ထင် သက်ကောင်းလူ၏ လှုပ်ရှားမှုများကို မျက်လုံးမှေးစင်း၍ လိုက်ကြည့်ကာ ချောင်းဟန့်သံ ပေးလိုက်မိသည် ။ ထင်ကသာ သက်ကောင်းလူ၏ ဂရုစိုက်မှုကို ရချင်၍ ပျာပျာသလဲဖြစ်နေသော်လည်း တစ်ဖက်ကတော့ မည်သို့မျှ တုံ့ပြန်မလာချေ ။ ထိုအစား မြန်ဆန်သောခြေလှမ်းများဖြင့်သာ အခန်းတံခါးဆီကို ဦးတည်နေသည့် သက်ကောင်းလူ ။

" ပြန်တော့မယ်ပေါ့ "

" အပိုတွေလာမေးနေတယ် "ဆိုသည့် အကြည့်ဖြင့်သာ ပြန်ကြည့်လာပြီး ခေါင်းညိတ်ပြ၏ ။

" အတူတူသွားကြမယ် "

အခန်းတံခါးဆီသို့ ရွယ်နေသည့် လက်မှာ ရပ်တန့်သွားပြီးမှ ထင့်ကို မျက်မှောင်ကုတ်၍ ပြန်ကြည့်လာ၏ ။

" အောက်ကို အတူတူသွားကြမယ်လို့ ပြောတာပါကွာ ၊ ဘယ်လိုဖြစ်လို့ စားမလို...ဝါးမလိုကြီး ကြည့်ရတာလဲ...ကြောက်လိုက်တာ "

ထင်က အမူအရာပိုပိုဖြင့် ခန္ဓာကိုယ်ကို တုန်ယင်ပြလိုက်သောအခါ သက်ကောင်းလူ၏မျက်နှာထားက ပို၍ပင် မှုန်တေတေ ဖြစ်သွား၏ ။ ထို့နောက် ထင့်ကို မစောင့်ဘဲ အခန်းတံခါးကိုဖွင့်၍ ထွက်သွားသည့် သက်ကောင်းလူ ။

ထင် စက္ကန့်အနည်းငယ်ကြောင်တောင်တောင်ဖြစ်နေပြီးမှ တစ်ချက်ပြုံးလိုက်မိ၏ ။ သက်ကောင်းလူ၏ ဆက်ဆံရေးကောင်းချက်ကတော့ မကြည်နူးဘဲကို မနေနိုင်ပေ ။

My Green Forest ( Complete) Where stories live. Discover now