Episode (12)

3K 338 29
                                    

Unicode

" မား "

ခပ်တိုးတ်ိုးခေါ်သံလေးက တံခါးအပြင်ဘက်မှ ထွက်ပေါ်လာသည် ။ ဘေးဘက်တွင် အိပ်ပျော်နေသည့် ခင်ပွန်းသည် နိုးသွားမည်စိုး၍ ဖြည်းဖြည်းချင်း အိပ်ရာပေါ်မှထကာ လက်ထဲရှိ ဖုန်းကိုလည်း တစ်ခါတည်းပိတ်လိုက်ပြီးမှ အခန်းတံခါးကို သွားဖွင့်တော့ မရွှင်ပျသော မျက်နှာထားဖြင့် ရပ်​နေသည့် သက်ကောင်းလူက ဒေါ်သက်ထားဆွေကို နွမ်းလျစွာ ကြည့်နေ၏ ။

" ဘာလဲ ပေါင်ပေ့ "

သက်ကောင်းလူ မားကို ကျော်၍ ကုတင်ပေါ်၌ တုံးလုံးပက်လက်အိပ်ပျော်နေသည့် ပါးကို လှမ်းကြည့်လိုက်၏ ။ တစ်နေကုန် ပင်ပင်ပန်းပန်း အလုပ်လုပ်ရသူပီပီ ပါးက သူနှင့်မားထက်စာလျှင် စောစောအိပ်တတ်သည် ။

" ကျွန်တော် မားကို ပြောစရာရှိလို့ "

" အင်း...​ပြောလေ ပေါင်ပေ့ "

သက်ကောင်းလူ ခေါင်းကိုခါကာ နှစ်ကိုယ်ကြားအသံဖြင့်

" အောက်မှာ သွားပြောကြမယ်နော်... မား "

ဟုဆို၍ အောက်ထပ်ကို ဆင်းသွားသည်မှာ မြန်မြန်ဆန်ဆန် ။ ပေါင်ပေ့၏ နောက်ကျောပြင်ကိုကြည့်၍ စိုးရိမ်စိတ်များက ဒီရေအလား တရိပ်ရိပ်တက်လာခဲ့၏ ။ ညနေကလည်း ကြောင်စာသွားဝယ်မည်ဆိုကာ အပြင်သို့ ထွက်သွားပြီး ပြန်လာသည့်အချိန်ကျတော့ မှိုင်တွေငေးမောလျက် ။ အသိစိတ်လွတ်နေသည့် လူကဲ့သို့ ကြည့်ရသည်မှာ မလန်းမဆန်း ။

ဒေါ်သက်ထားဆွေ အခန်းတံခါးကို အသံမမြည်အောင် ဆွဲပိတ်လိုက်ကာ အတွေးပေါင်းစုံဖြင့် အောပ်ထပ်သို့ ရောက်သည့်အချိန် ပေါင်ပေ့က ငူငူငိုင်ငိုင် ပုံစံလေးဖြင့် ထိုင်နေလေသည် ။ ပေါင်ပေ့၏ ဘေးဘက်ရှိ ခုံ၌ ထိုင်ချလိုက်ကာ စားပွဲပေါ်ရှိ ပေါင်ပေ့၏လက်လေးကို ညင်သာစွာဖြင့် ပွတ်သပ်လိုက်တော့ ဖျတ်ခနဲ ရောက်ရှိလာသည့် အကြည့်လေး ။

" ပြောလေ ပေါင်ပေ့ ၊ ဘာ​ပြောဖို့လဲ ၊ ပေါင်ပေ့မှာ ဘာအခက်အခဲတွေ ရှိနေလို့လဲ ၊ ဘာပဲဖြစ်ဖြစ် မားကို လွတ်လွတ်လပ်လပ်ပြောနော် ၊ ပေါင်ပေ့မှာ ပြောစရာ...ရင်ဖွင့်စရာ မားပဲ ရှိတာလေ "

My Green Forest ( Complete) Where stories live. Discover now